Chapter 33 ( Zawgyi)

5.4K 232 0
                                    

အဆက်မပြတ် မြည်လာသော ဖုန်းခေါ်ဆိုသံတွေသည် အခန်းထဲမှာ ပျံ့ လွင့်လာသည်။ မင်းဆက်သည် လွှမ်းနှင့် အနမ်းပေးနေရာမှ ရပ်တန့် သွားသည်။ မင်းဆက်တို့ နှစ်ယောက်ကြားမှာ အနှောင့်အယှက်တွေ သိပ်များသည်။ ခုနတုန်းကလည်း အခန်းထဲမှာ ဂတ်ဂတ်အော်သည့် ringtone အသံတွေကို တောက်လျှောက်ကြားနေရလို့ လွှမ်းလေးက သူ့ဖုန်းကို စက်ပိတ်ပစ်ထားပြီးပြီ။ အခု လည်း ring အသံတွေ ဆက်တိုက်မြည်လာပြန်တာက မင်းဆက်ရဲ့ဖုန်းက။

မင်းဆက် ကုတင်ပေါ်က ခဏဆင်းလို့ ဖုန်းသွားကိုင်လိုက်သည်။ ဖုန်းခေါ် နေသူကိုသိရအောင် Caller ID ကို တစ်ချက်ကြည့်လိုက်တော့ မင်းဆက် ထင်သလို ထိုက်သူစိုး ခေါ်နေတာ မဟုတ်ပါ။ ကျောင်းက ဘော်ဒါချမ်းမင်းဖြစ်နေလို့ မင်းဆက် လည်း ဖုန်းကောလ်အဝင်မြားလေးကို ဖိဆွဲလိုက်သည်။

"ချမ်းမင်းပါလား"

"မင်းဆက် ! ငါပြောမလို့ ..ငထိုက်တစ်ယောက် ဒေါသူပုန်ထပြီး ကျောင်းက ထွက်လာနေတယ်နော်၊ မင်းက မျက်လှည့်ပြပြီး လွှမ်းကို ခေါ်ထုတ်သွားလို့တဲ့၊ မင်း တို့ကို မြေလှန်ပြီး လိုက်ရှာမယ်၊ လွှမ်းကို ပြန်ခေါ်မယ်တဲ့နော်"

"သတင်းပေးတာ ကျေးဇူးပဲ ချမ်းမင်း၊ အဲ့ဒါဆို ငထိုက်က ငါ့အနောက်ကို လိုက်လာနေတယ်ပေါ့၊ မကြာခင်အချိန်အတွင်း ဒီကို ရောက်လာမယ်ဆိုပါတော့"

"အေးကွ .. လွှမ်းက မင်းနဲ့ချစ်သူဖြစ်သွားတာကို သူတော်တော် မကျေမနပ် ဖြစ်နေတာ၊ မင်းတို့နှစ်ယောက်ကို မရရအောင် ပြန်ခွဲမယ်တဲ့နော်၊ လွှမ်းအဖေကြီးကို သူပိုင်တယ်တဲ့"

"အဟက် ! အဲ့ကောင် သွေးရူးသွေးတန်း လျှောက်ပြောနေတာ၊ ငါကမှ လွှမ်းအဖေကြီးရဲ့အညှာကို ကိုင်မယ့်ကောင်"

"မင်းဆက် ! မင်းလည်း ခေါင်းထဲမှာ အကြံတွေချည်းပဲနော်၊ good မယ် ထင်ရင် do သာ do ဟေ့ကောင်၊ မင်းကို အားပေးတယ်၊ ငါပြောဖူးပါတယ်၊ ငါက အချောလေးဘက်ကလို့၊ အချောလေးက မင်းကိုရွေးချယ်လိုက်လို့ မင်းအတွက် ဝမ်းသာတယ်၊ ငထိုက်ကိုတော့ သတိထား၊ အဲ့ကောင် မင်းကို ရှုံးမဲ မဲလိမ့်မယ်"

"အေးပါကွာ.. သူ ဘယ်လိုအကွက်ချချ ငါက လွှမ်းကို အရယူမှာ၊ အခု တောင် လွှမ်းကိုနမ်းနေတာ၊ ဒါပဲ မဟုတ်လား.. အဲ့ဒါဆိုရင် အနမ်းခန်းကို ဆက်ဆွဲ လိုက်ဦးမယ်"

ဗင်ဒါလေးရဲ့မူပိုင်ရှင် [Completed]Where stories live. Discover now