💕Part(20)💕(Z+U)

3K 212 9
                                    

Zawgyi....😍

မနက်ရောက်တော့ ယံအိပ်ယာပေါ်မှ ထထိုင်လိုက်တော့သည်။ထိုစဉ်တံခါးခေါက်သံကိုကြားလိုက်ရလေသည်။

"ဒေါက်..ဒေါက် ယံယံတံခါးလာဖွင့်စမ်း"

"ဘာတုန်းမမရာ...ယံဘာလုပ်မိပြန်တာလဲပြော"

"ပြောလိုက်ရင်ပြန်ခံပက်ဖို့ပဲသိတယ်။နင်လုပ်တာ နင်ပဲအသိဆုံးပေါ့။ညက နင်နဲ့ကိုမင်းနဲ့အချိန်မတော်ထိအတူရှိနေတယ်ဆို"

"အဲ့တာဘာဖြစ်လဲမမရာ....စာလေးမေးမိတဲ့ကိစ္စကိုဒီလောက်ပုံကြီးမချဲ့ချင်ပါနဲ့မမရဲ့"

"သူနေမကောင်းသေးတာနင့်မမြင်ဘူးလား။ပြီးတော့ ငါ့သိတယ် ယံယံ နင် ကိုမင်းကိုကြိတ်ကြိုက်နေတယ်ဆိုတာ နင်က gayတစ်ယောက်ပဲ။နင့်ကိုပြောလို့မရရင် ဘွားဘွားကိုလှမ်းတိုင်ရလိမ့်မယ်။သူအရမ်းချစ်ရတဲ့မြေးသာ ယောကျာ်းလေးတန်မဲ့ gayနေတာသိသွားရန် ဟင့်ဟင့် အဲ့တာကြောင့် နင် ကိုမင်းနဲ့ဆက်မပတ်သက်နဲ့ "

"တိုင်ပေါ့....ကြောက်မယ်များထင်နေသလား။ဘွားစိတ်မချလို့
ပြန်ခေါ်ရင် ပိုတောင်မှကောင်းသေးတယ်။ဘွားဆို ယံကိုလေသံမာနဲ့တောင်ပြောတာမဟုတ်ဘူး။ဒီမှာ ဘယ်လောက်အနေကျပ်သလဲ။လူ့ကိုမျက်စိဒေါက်ထောက်ကြည့်ပြီး ဆူမယ့်သူတွေချည်းပဲ။အသက်တောင်ဘယ်လိုရှူရမှန်းမသိတော့ဘူး။တကယ်ပဲ။ပြီးတော့ ကျွန်တော် gayတစ်ယောက်မဟုတ်ဘူး
သူကို ကြိုက်လဲမကြိုက်ဘူး။ကိုကို့ ကိုမပတ်သက်နဲ့လို့ပြောရအောင် မမက သူ့နဲ့ဘာဆိုင်လို့လဲ "

(*တစ်ခေါက်လောက်တော့ ကိုကို့ကိုမချစ်ဘူးလို့လိမ်ပါရစေ ကိုကိုရယ်😔)

"နင်...နင်ပြောနေတဲ့ကြားက အထွဋ်တက်ပြန်ပြီးလားယံ။ နင့်ကိုအနီးကပ် စောင့်ရှောက်ဖို့ ငါ့ကိုထည့်ပေးလိုက်တာ နင်သိတယ်နော်။ပြီးတော့ ကိုမင်းနဲ့ငါဘယ်လိုပတ်သက်လဲဆိုတာနင့်သိစရာမလိုဘူး။ငါပြောတဲ့အတိုင်းသာ နေစမ်းပါ။ငါ့ပြောတဲ့အတိုင်းသာနေရင် နင်မgayဘူးဆိုတာကို ငါယုံပေးမယ်
ဘယ်လို့လဲ"

"မမက ယံကိုစောင့်ရှောက်တာမှမဟုတ်ဘဲ....ယံကိုအပြစ်မရှိအပြစ်ရှာပြီး အဆူခံရဖို့ တို့မီးရှို့မီးလုပ်နေတာ တကယ်
Oxygen အစစ်ကြီး။ပြီးတော့ မမတို့ရဲ့အခြေအနေတစ်ခုကိုမပြောနိုင်သေးဘဲ ကျွန်တော်ကိုလာမပြောသင့်ဘူး။ကျန်သေးတယ် ကျွန်တော် gayခဲ့ရင်တောင် မမနဲ့မဆိုင်ဘူး အဲ့တော့ မမပြောတဲ့အတိုင်းကျွန်တော်မလုပ်နိုင်ပေးနိုင်ဘူး"

❤ဆေးကျောင်းသားကိုကိုနှင့်ကျွန်တော် ❤(BL)👨‍❤️‍💋‍👨Where stories live. Discover now