Part - 4

3.9K 563 209
                                    

[Unicode]

ဘာအဓိပ္ပာယ်လဲ အမည်တပ်မရခဲ့သည့် ရင်ထဲမှခံစားချက်အချို့ကို နောက်မှ နားလည်ရန်ကြိုးစားတော့မည်ဟု တွေးလိုက်မိသည့် ရှောင်းကျန့်အား သူမွေးထားသော ပိုင်ဆိုင်လိုစိတ်ကြီးမားသည့် တော​၏သခင် ကျားသစ်နက်က ဘာမှရှည်ရှည်ဝေးဝေး စဉ်းစားနေဖို့အချိန်မပေးခဲ့။

ထိုနေ့ည

နှစ်ယောက်လုံး တည်တည်ငြိမ်ငြိမ်ဖြစ်သွားသည့် အချိန်မှ ရှောင်းကျန့်က ရိပေါ်နှင့်ဆိုဖာပေါ်တွင် မျက်နှာချင်းဆိုင်ရင်း ကိစ္စများကိုတစ်လုံးမကျန် ရိပေါ်ကိုပြန်ပြောစေသည်။ ဟိုင်ခွမ်းဆီမှ ကြားပြီးသားဖြစ်သော်လည်း ပိုသေချာအောင် ရိပေါ်ပြောသည်ကိုလည်း ရှောင်းကျန့်နားထောင်ချင်သေးသည်။ အခုအချိန်တွင် ရှောင်းကျန့်အတွက် အရေးအကြီးဆုံးမှာ ရိပေါ်​၏ အသက်အန္တရာယ်ပင်ဖြစ်သည်။ အခြေအနေတွေက ဘယ်လောက်အရေးကြီးနေပြီလဲ၊ အဆိုးရွားဆုံးကို ကာကွယ်နိုင်ဖို့ ဘာနည်းလမ်းတွေရှိမှာလဲ ရှောင်းကျန့်စဉ်းစားရဦးမည်။

တကယ်တမ်း ရှောင်းကျန့်ကသာ ရုပ်တည်ကြီးနှင့် ခေါင်းခဲနေသော်လည်း ကာယကံရှင်ရိပေါ်က ရှောင်းကျန့် သူ့ကိုစိတ်ဆိုးမနေတာ သေချာသွားသောအခါ ကျန်တာသူ့ကိစ္စမဟုတ်တော့ပုံနှင့် စိတ်အေးလက်အေးပင် ရှိနေခဲ့သည်။

"ကိုကို စိတ်ပူစရာမလိုပါဘူး၊ ကျွန်တော် သာမာန်မျိုးနှောမဟုတ်ဘူးဆိုတဲ့ သက်သေ သူတို့ဆီမှာ ဘာမှမရှိဘူး၊ သူတို့တောင်းနေတဲ့ ဒေတာတွေကိုလည်း ပြင်ပြီးမှတင်ပေးလိုက်ဖို့ အစ်ကိုဟိုင်ခွမ်းကစီစဉ်နေတာ၊ အဲဒါကြောင့် အစ်ကိုက ချက်ချင်းမပေးနိုင်သေးဘဲ အချိန်ဆွဲနေတာပေါ့၊ အဓိကက ကျွန်တော်ဟိုတစ်ခေါက်ကလို စိတ်လွတ်ကိုယ်လွတ်ဖြစ်မသွားဖို့ပဲ၊ အဲဒါကလည်း ကျွန်တော် အများကြီးထိန်းနိုင်နေပါပြီ၊ လက်ဆုပ်လက်ကိုင်ပြစရာ မရှိမချင်း သူတို့ဘာမှမလုပ်နိုင်ဘူး၊ ကိုကို အလကား စိတ်ပူမနေနဲ့"

"မဟုတ်သေးပါဘူး ရိပေါ်ရဲ့"

ရိပေါ်က ဘာမှမဖြစ်သလို စိတ်မပူဖို့ပြောနိုင်သော်လည်း ရှောင်းကျန့်ဘယ်လိုမှ ဘဝင်မကျနိုင်ခဲ့။

Call of the JaguarWhere stories live. Discover now