Chapter - 4(Chapter-67:တော်ဝင်အကိုတော်၏ အပေါ်ယံ မျှသာ)

7.1K 925 8
                                    

Chapter-67:တော်ဝင်အကိုတော်၏ အပေါ်ယံ မျှသာ

T/N Chp 67 ကမှားရေးတာမဟုတ်ပါဘူးကြားထဲက ၂ ပိုင်းက လင်းကျားကျား ပြန်ရောက်လာတဲ့ အပိုင်းမလို့ ကျော်ထားတာပါ

နဉ်ရှုဟာ ဇာတ်ကြောင်းလက်ခံပြီးတော့ နည်းနည်း မူးသွားတယ်လို့ ခံစားလိုက်ရတယ်။ သူမနှလုံးက လည်း အနည်းငယ်နာကျင်နေသလိုဘဲ ။ကြည့်ရတာ သူမရဲ့ နှလုံးသွေးကြော တစ်ခုခု ထိခိုက်မိထားတဲ့ ပုံဘဲ။
နဉ်ရှုဟာ သက်ပျင်းတစ်ချက်သာ ချလိုက်နိုင်လေတယ်။ ဆေးရုံကို အိမ်လိုသဘောထားခဲ့ရတဲ့ သူမအတွက်ကတော့ ကျန်းမာရေးကောင်းဖို့ကလွဲပြီး ကျန်တာက သိပ်အရေးမကြီးဘူး လို့ ပြောလို့ရလေတယ်။
မူလ Host ရဲ့ ဆန္ဒတွေ အတွက်ကတော့ ရက်စက်ပြီး ကောက်ကျစ်တဲ့ မြေခွေးကြီးကို မချစ်ဖို့က သူမအတွက် အလွယ်ဆုံးအရာဘဲ။ အဲ့ဒီနိမ့်ကျတဲ့ အတွဲကို လက်စားပြန်ချေဖို့ကျတော့ အဲ့တာက မူလ host ရဲ့ မာနကြီးပြီး အထက်စီးဆန်တဲ့ စိတ်ကြောင့် အလျော့ပေးချင်စိတ် မရှိရုံသတ်သတ်ဘဲ။ လက်ထပ်ဖို့ အပို့မခံရဖို့ကတော့ သူမဖြေးဖြေးချင်း တဆင့်ခြင်းသွားရမှာဘဲ။
နဉ်ရှု အတွက်တော့ အရင် ကမ္ဘာနဲ့ ယှဉ်ရင် အခုတစ်ခါ လုပ်ရမယ့် တာဝန်တွေက နည်းနည်းလေးပိုလွယ်တယ် လို့ထင်နေမိတယ်။ပြိးတော့ သူ့အနားမှာ လင်းရွယ်လိုမျိုး သဘာဝလွန် စွမ်းအားရှိတဲ့လူတွေလည်း မရှိဘူးလေ။
ပြီးတော့ သူမက ဒီတိုင်းပြည်ရဲ့ မင်းသမီးဖြစ်တဲ့အတွက် ဟိုစစ်သူကြီးနဲ့ ကျေးလက်သူ အတွဲထပ်စာရင် ပိုပြီးရာထူးကြီးပြီးတော့ အခွင့်ပိုသာလေတယ်။

နဉ်ရှုဟာ ထိုအကြောင်းတွေကိုတွေးပြီးနောက် ပြန်အိပ်ဖို့ ပြင်တော့လေတယ်။ဒီ ခန္ဓာကိုယ် ကအရမ်းကိုအားနည်းလွန်းနေတယ်လေ။
နဉ်ရှုဟာ သူတာဝန်ထမ်းဆောင်ဖို့ ကူးပြောင်းလိုက်တိုင်း သနားစရာ အ‌ခြေအနေတွေနဲ့ဘဲ ကြုံနေရလို့ ပြောစရာစကားမဲ့လို့နေတယ်။ သူမအချိန်ဘယ်လောက်ကြာအောင် အိပ်ပျော်သွားလည်းမသိပေမယ့် သူမနိုးလာတဲ့ အချိန်မှာတော့ သူမကိုယ်ဟာချွေးတွေနဲ့ စေးကပ်လို့နေလေတယ်။
သူမ မျက်လုံးကို ကြိုးစားဖွင့်ပြီးတော့ ပထမဆုံးမြင်လိုက်ရတာက အိပ်ယာဘေးမှာ တိတ်တဆိတ် ထိုင်နေတဲ့လူတစ်ယောက်ဘဲ။

The General Loves A Village Girl (Arc-2) (Complete)Where stories live. Discover now