Class President, don't lie..

5.4K 711 13
                                    


(Unicode)

ရှောင်ကျန့် ဂိတ်စောင့်ရန်တာဝန်ကျ၍ ဒီနေ့ကျောင်းကိုစောစောလာရသည်။ ဂိတ်စောင့်တာဝန်မှာ အခြားမဟုတ် ကျောင်းစည်းကမ်းနှင့်မညီသူများကိုနာမည်မှတ်ကာ ဆရာ့ကို နာမည်စာရင်းပြန်ပေးရသည့်အလုပ် အတန်းခေါင်းဆောင်များအလှည့်ကျလုပ်ရသည့်အလုပ်

ရှောင်ကျန့် ဘယ်သူမှမရောက်ခင် ၇:၀၀ နာရီလောက်ကတည်းကစောလာကာ စောင့်နေသည်။ တစ်ယောက်ပြီးတစ်ယောက် စည်းကမ်းမဲ့တာရှိလျှင် ရှောင်ကျန့်ချက်ချင်းမမှတ်သေးဘဲမေးတတ်သည်။ ဥပမာ နက်ခ်တိုင်မပါတာလိုမျိုး ကျောင်းအင်္ကျီကို ဘောင်းဘီထဲထည့်မဝတ်ပဲထုတ်ဝတ်တာလိုမျိုး 

"ခန နက်ခ်တိုင်ရော"

Hua Xin လှည့်ကြည့်ကာ စပ်ဖြီးဖြီးနှင့်

"အိုး... ကျန့်ကျန့်လေးပါလား"

ရှောင်ကျန့်မျက်နာကိုတည်ထားကာ

"နက်ခ်တိုင်ရော? အင်္ကျီကြယ်သီးကို တစ်လုံးထက်ပိုဖြုတ်လို့မရဘူး"

"အာ.. ကျန့်ကျန့်ကလည်းအချင်းချင်းကို အဲ့လိုလုပ်တော့မှာလား"

ရှောင်ကျန့်သူ့ကိုရုပ်တည်ဖြင့်သာဆက်ကြည့်နေ၍

"Geez... ကောင်းပြီ ကောင်းပြီ တပ်လိုက်ပြီ ရပြီလား ဒီလောက်ပူနေတာကို ကိုယ်ချင်းမစာ"

ရှောင်ကျန့်မျက်ခုံးတဖက်ပင့်လိုက်ကာ

"နက်ခ်တိုင်"

"ဟုတ်ပါပြီ ဟုတ်ပါပြီ"

Hua Xin အိပ်ထဲတွင်ဂျောင်ထိုးထားသော နက်ခ်တိုင်ကိုမနည်းရှာလိုက်ရသည်။ ခါတိုင်းဆို အတန်းခေါင်းဆောင်မိန်းကလေးတွေမို့ မလှိမ့်တပတ်လုပ်ကာ လွတ်စမြဲ ဒီတစ်ယောက်ကတော့ အတော်ကိုခေါင်းမာတာပဲ

"သွားလို့ရပြီလားမသိဘူး ဆရာကျန့်ကျန့်"
သူ့ကိုစနေမှန်းသိသော်လည်း ရှောင်ကျန့်မျက်နာအမူအရာမပျက်ပဲ

"ရပြီ"

Vroom Vroom ဆိုင်ကယ်သံကြားလိုက်သည်နှင့် ရှောင်ကျန့်ရင်ထဲ ဒိန်းခနဲတချက်ဖြစ်သွားသည်။ ဝမ်ရိပေါ်မလား..
သူအကယ်၍ စည်းကမ်းနဲ့မကိုက်ညီတာရှိရင် ဘယ်လိုပြောရမလဲ ရှောင်ကျန့်စိတ်တွေဂဏာမငြိမ်ချင်တော့ သေချာပြန်စဉ်းစားကြည့်ရင် ရိပေါ်ကိုယ်ပေါ်မှာ ကျောင်းစည်းကမ်းနှင့်ကိုက်ညီတာဆိုလို့ တခုမှမရှိဘူးမဟုတ်လား
ဆံပင်ကအရှည်
highlight ဖောက်ထား
နက်ခ်တိုင်ဘယ်တော့မှမဝတ်
shirt င်္အကျီကိုလည်းအမြဲအပြင်ထုတ်ဝတ်သည်။
ရှောင်ကျန့်စဉ်းစားရင်း ချွေးပြန်လာသည်။ ခုထိလာသမျှကိုလူကို သတိပေးပြီး ရိပေါ်ကျမှလွှတ်ပေးလို့မရဘူးလေ
အရင်ကလူတွေရောဘယ်လိုလုပ်ကြလဲ ဒုက္ခပဲ
ကျောင်းတံခါးရှေ့ရောက်တော့ ရိပေါ်ဆိုင်ကယ်ကိုအရှိန်သတ်လိုက်ကာ ဆင်းတွန်းသည်။ ရှောင်ကျန့်အံ့ဩသွားသည် သူပြောတာနားထောင်ပြီး ဆင်းတွန်းတာလား
နိုး နိုး မဖြစ်နိုင်ဘူး ရှောင်ကျန့် စိတ်ကူးယဉ်မနေစမ်းနဲ့

Orange Where stories live. Discover now