အခန်း (၆)

10.1K 1.5K 41
                                    

(Zawgyi)

အဘယ်ကြောင့် စောင်ခလေးများကို မယုံကြည်သင့်သနည်း

ရှောင်းကျန့် ဒီရက်ပိုင်း အလုပ်ရှုပ်နေလို့ ဟိုစောင်ခလေးလေးကိုလဲ မတွေ့နိုင်ဘူး။ ဒါပေမယ့် ဒီညနေတော့ အလုပ်ဆင်းတဲ့အခါ စားစရာသောက်စရာအတွက် ဈေးဝယ်ဖို့ ရှော့ပင်းမောသွားရင်း အိပ်ယာပစ္စည်းတွေ ရောင်းတဲ့ အတန်းကို ခြေလှမ်းက မတော်တဆရောက်သွားတယ်။

ရှောင်းကျန့် ပရောဂျက်တစ်ခုပြီးသွားတာမို့ လက်ထဲ ငွေယားလေး ရှိနေတော့ သူ့အတွက် အိပ်ယာခင်းအသစ်ဝယ်မလို့ပါ။ ရှောင်းယွီဖို့်လဲ တစ်စုံဝယ်ရင်း ဟိုစောင်ခလေးအတွက် ခေါင်းအုံးတလုံးနဲ့ ချည်သားခေါင်းအုံးစွပ် အိပ်ယာခင်း ကောင်းတာလေး ပါ ထည့်ဝယ်ပေးလိုက်တယ်။ ကိုယ့်ညီလေးလိုဖြစ်နေတာပဲ။

ပြီးတော့ ရှောင်းယွီဖို့ အခြောက်အခြမ်းကြော်ပေးဖို့ နည်းနည်းပါးပါးဝယ်ရင်း ဟိုကောင်လေးအတွက်ပါ ထည့်တွက်ဝယ်လိုက်တယ်။ ကျောင်းမှာတော့ ဘယ်လိုစားတယ်မသိပေမယ့် အဲ့ကောင်ကေ ရှောင်းကျန့်နဲ့ဆို အစားမက်တယ်။

စနေတစ်ရက်လုံး ချက်ပြုတ်ကြော်လှော်ပြီး ရှောင်းယွီအဆောင်ကို သွားပို့တော့ ငတမက မရှိဘူး။ သူ့သူငယ်ချင်းတွေနဲ့ ကမ်းခြေသွားတယ် ဆိုပဲ။ ဒါနဲ့ ဟိုကောင်လေးကိုဖုန်းဆက်တော့လဲ ရှောင်းယွီတို့နဲ့ပါသွားတယ်တဲ့။ ရှောင်းကျန့် စိတ်တိုတိုနဲ့ အကြော်ဗူးတွေတောင် လွှင့်ပစ်ချင်သွားတယ်။ သူက တစ်နေကုန် ပင်ပင်ပန်းပန်းချက်ပြုတ်နေရတာ ဒင်းတို့ကတော့ ကမ်းခြေမှာ သာယာလို့ပေါ့။

"ကောရေ သားပြန်ရောက်ပြီ" ဆိုပြီး ဖုန်းခေါ်တာနဲ့ ညကြီးမိုးချုပ် ဝမ်ရိပေါ်အဆောင်ကိုရောက်သွားတာလဲ ရှောင်းကျန့်ပါပဲ။

"ကောကလဲ နက်ဖြန်သားလာယူမှာပေါ့"

"အိမ်က ရေခဲသေတ္တာထဲမှာက ရှောင်းယွီအတွက်နဲ့ပြည့်နေပြီ။ မင်းအတွက်ဟာတွေက အပြင်မှာဆို မကောင်းတော့မှာစိုးလို့"

"ဝါး. . . အများကြီးပဲ.ခေါင်းအုံးကြီးရော. . ကောရာ ကျေးဇူးတင်လိုက်တာ။ သားကိုလေ အဲ့လို ဂရုစိုက်ပေးတာ"

စောင်ခလေး ဋီကာ (Complete)Where stories live. Discover now