part 14

7.9K 783 40
                                    

Unicode

Seoul ပြန်ရောက်ပြီးနောက် အားလုံးကိုယ်စီ လမ်းခွဲလိုက်​ကြသည်။ Jungkook တို့သုံးယောက်ကတော့ အတူပြန်လာခဲ့ကြပြီး အိမ်ရောက်တဲ့အခါ ဘာစကားမှ မပြောဖြစ်ခဲ့ကြ။ အကြောင်းက အိမ်တွင် Jeon အကိုရှိနေတာကြောင့်ဖြစ်သည်။

Jimin က Junghyun Hyung ကို နှုတ်ဆက်ပါသော်လဲ Taehyung နဲ့ Jungkook က မမြင်ချင်ယောင်ဆောင်သွားကြသည်။ Jimin က အိမ်ရောက်တာမကြာသေးတဲ့အပြင် စပ်စပ်စုစုဝင်မပါတတ်တာကြောင့် Jeon ညီအကိုအကြောင်း များများစားစားမသိ ။
အဲ့ဒါကြောင့်လဲ Jungkook တို့အခြေအနေကိုသူဘာမှ ထွေထွေထူးထူးမစဥ်းစားမိ ပုံမှန်တိုင်း နေလိုက်သည်။

ညစာထမင်းဝိုင်းတွင် Taehyung နဲ့ Jungkook က ညာဘက်တွက်ထိုင်လျက် Jimin ကဘယ်ဘက်တွင်ထိုင်လိုက်သည်။ ရှေ့ဆုံးခုံတွင် Jung Hyun Hyung ထိုင်သည်။

တိတ်ဆိတ်နေရင်းမှ Jung Hyun Hyung က Jimin ကို စကားစပြောလိုက်သည်။

JH " Jimin ဟိုမှာ ပျော်ခဲ့ရဲ့လား

Jm " arr nae ပျော်ခဲ့ပါတယ် Hyung

JH " တကယ်လား ဟိုမှာဘာတွေ လုပ်ခဲ့ကြလဲ?

JM " ဗျာ.... အာဟိုမှာက

JK " Park Jimin စားစရာရှိတာစား

စကားဖြတ်ပြောလိုက်သည်မှာ Jungkook သာ။

မျက်နှာချင်းဆိုင်ထိုင်နေတဲ့ Jungkook က အကြည့်စူးစူးတွေပို့လွှတ်နေတာကြောင့် Jimin လဲ အသံတိတ်လိုက်မိသည်။ ဒါမယ့် Jung Hyun Hyung ​ကမပြီးသေး။ ဘေးက Jimin ပန်းကန်ထဲကို အသားတုံးလေး လှမ်းထည့်ပေးကာ

"Jimin မင်းများများစားသင့်တယ် မင်းရောက်လာတုန်းက ပါးဖောင်းဖောင်းလေးတွေရှိတယ်လေ ခုငါမတွေ့ရတော့ ဝမ်းနဲမိတယ်ကွ

"Arr nae hyung ကျွန်တော်စားပါတယ်

Jungkook က သူ့အကိုကို တချက်ကြည့်လိုက်တယ် ။ သူအကြည့်က နဂါးတကောင်သာဆို ပြာကျသွားနိုင်သည့်အလား ။ Junghyun Hyung ကတော့ အေးအေးဆေးဆေးသာ ထမင်းစားလျက် Jungkook ကို လျစ်လျူရှူထားသည် ။

"Jimin ငါမင်းကို အရင်လို ဝဝပြည့်ပြည့်လေးပဲ မြင်ချင်တာမင်းပါးဖောင်းဖောင်းလေးတွေကို ငါတကယ်သဘောကျတယ်

No Reason || 𝕮𝖔𝖒𝖕𝖑𝖊𝖙𝖊 ||Where stories live. Discover now