Chapter (2) တုဝေကောင်း / တုဝေကောင်း

8.9K 1.7K 83
                                    

{Zawgyi}

ချူးပိုင်စိတ်ရှုပ်ထွေးစွာခံစားလိုက်ရသည်

မင်းသိသင့်တာက သူ့ရဲ့စိတ်ထဲမှာတုဝေကောင်းကအမြဲတမ်း သူရဲ့ရန်သူတော်ကြီးပဲ! ဒီလူကအမြဲတမ်းကျောက်တုံးကြီးလိုမာကျောပြီးအေးစက်နေတတ်တဲ့သူမျိုးက တကယ်တော့အချစ်နာကျနေတဲ့သူမျိုးတဲ့လား?!

"အာ ~ ပိုင်ပိုင်"

"ပိုင်ပိုင်လေးအရမ်းမိုက်တာပဲ"

ညနက်လာသောကြောင့် အခန်းထဲတွင်တိတ်ဆိတ်နေလျက်ရှိသည် တုဝေကောင်းကဆန့်ကျင်ဘက်အိပ်ရာမှာဟိုလိမ့်သည်လိမ့်နေရင်း ချူးပိုင်ကိုကြည့်ရင်း တိုးတိတ်စွာညည်းလိုက်သည် သူ့ရဲ့စိတ်ထဲမှာတော့ထိုအသံဟာအရမ်းကိုကျယ်လောင်လှသည်

ချူးပိုင်စောင်ပုံထဲသို့တိုးဝင်လိုက်သည် သူ့မျက်နှာဟာလည်းနီရဲလို့နေသည် အဲဒါဟာ သူရှက်နေတာကြောင့်မဟုတ်ပဲ ဒေါသထွက်နေခြင်းကြောင့်ဖြစ်သည် တုဝေကောင်းကသူအာသာဖြေနေတဲ့အချိန်မှာတောင် သူ့ကိုအမြဲတွေးသည်

ပြီးတော့အရေးကြီးဆုံးက သူ(တုဝေကောင်း)က သူ့(ချူးပိုင်)ရဲ့အပေါ်မှာဖြစ်ချင်တယ် ချူးပိုင်ဆိုတဲ့သူက ဒုတိယသခင်လေးချူးကဘယ်လိုလုပ်အောက်(Bottom)ဖြစ်ရမှာလဲ

ချူးပိုင်ကထထိုင်လိုက်ဖို့သူ့ရဲ့စိတ်ဆန္ဒတွေချိုးနှိမ်လိုက်ရင်း သူ့ကိုယ်သူစိတ်တည်ငြိမ်အောင်ကြိုးစားလိုက်သည် မနက်ဖန် ....မနက်ဖန်ဆိုရင်တော့ တုဝေကောင်းကိုကောင်းကောင်းဆုံးမပစ်မယ်
ပြီးတော့ သူ့လိုဒုတိယသခင်လေးချူးကိုအဲ့လိုပေါက်ကရအတွေးတွေတွေးလို့မရဘူးဆိုတာ တုဝေကောင်း ကောင်းကောင်းသိစေရမယ်

တုဝေကောင်းကိုဖြိုလှဲဖို့ သူ့ဘဝရဲ့နောက်ဆုံးပန်းတိုင်တစ်ခုလိုအမြဲတမ်းသတ်မှတ်ထားတာသတိရမိသည် ချူးပိုင်က သူ့ခေါင်းထဲကိုရေတွေဝင်သွားတာကြောင့်များလားဟုမတွေးဘဲမနေနိုင်တော့ပေ မဟုတ်ဘူး အဲ့လိုမဟုတ်ဘူး ဒါဘာကြောင့်လဲဆိုတော့ အဲ့ကောင်ကဖုံးထားတာအရမ်းကိုတော်လွန်းလို့ သူကအလိုက်ခံနေရတဲ့ဒုက္ခသည်လေးတစ်ယောက်သာသာပဲ ထိုအကြောင်းတွေတွေးနေရင်း ချူးပိုင်အိပ်ပျော်သွားတော့သည် ထို့နောက် သူ့ရဲ့သွေးနဲ့မျက်ရည်တွေမျက်ရည်ခခဲ့ရတဲ့အရင်အချိန်တွေကိုအိပ်မက်မက်ခဲ့သည်

တကယ်တော့ ငါ့ရန်သူက ငါ့ကိုတိတ်တိတ်လေးချစ်နေတယ် [ဘာသာပြန်] ✔️Where stories live. Discover now