part 15

7.1K 728 35
                                    

Unicode

အနွေးထည်တွေပါကောက်ဝတ်ထားပြီး ထိုင်ခုံမှ ဖင်တကြွကြွဖြစ်နေတဲ့ Jungkook တယောက် နာရီကို ပေါက်ထွက်မတက်ကြည့်ရာမှ နာရီလက်တံ လေးတနေရာအရောက်...

"ယေ့..... ခေါင်းဆောင်ချွဲ ကျွန်တော် အလုပ်ဆင်းတော့မယ်နော်

"အမ်.... Jungkook shii ဌာနမှူးတောင်အလုပ်မဆင်းသေးဘူးလေ

"ငါးနာရီထိုးနေပြီ

နာရီကို လက်ညိုးကြီးထိုးပြကာ ပြောနေလိုက်တာ ရှေ့ကအဖွဲ့ခေါင်းဆောင်မှာ အကြောင်လိုက်

" ဟာ အဲ့လိုမရလေကွာ သူမဆင်းရင် မင်းလဲ ဆင်းလို့မရဘူး​လေ သူက အထက်လူကြီးလေကွာ

" သူဘာသာမဆင်းတာလေဗျာ ကျွန်တော်က အလုပ်ချိန် တိကျမှကြိုက်တာ အဲ့တော့ ခုအလုပ်ဆင်း​တော့မယ် ဒါပဲ

" အမလေး Jeon Jungkook ရေ မင်းလာနောက်နေတာလား?
မရဘူး ဌာနမှုး ဆင်းမှ ငါတို့ဆင်းရမယ် ဒါ အလုပ်စည်းကမ်းပဲ

ခေါင်းဆောင်းဖြစ်သူ စကားလဲကြားရော Jeon Jungkook တို့များ ကိုင်ထားတဲ့ အိတ်ကို ခုံပေါ် ပစ်တင်လိုက်ပြီး ဝတ်ထားတဲ့ ကုတ်ကိုလဲ ခက်တည်တည်ဆွဲချွတ်ပစ်လိုက်တယ်။ အောက်က shirt အဖြူကိုလဲ လက်တွေခေါက်တင်လို့တင်.....ရှေ့က ခေါင်းဆောင်ချွဲကြီး ခမျာ Jungkook ကိုကြည့်ပြီး တံတွေးတောင် မျိုချမိတယ် ထင်ပါရဲ့ ။

အဲ့ အလုပ်သင်က တကယ် လုပ်မယ့်ရုပ်ကြီးလေ။ ခန္ဓာကိုယ်ကလဲ သူထက်ကြီးတော့ ဒီလူအိုကြီးက ရှိန်တာပေါ့ ။
သနားစရာ ခေါင်းဆောင်းချွဲမှာ မနေ့တနေ့ကမှ ရောက်လာတဲ့ အလုပ်သင်ပေါက်စက အလုပ်ပေးမဆင်းလို့ ခါးထောက်ကာ ထသတ်တော့မည့်အရိပ်အယောင်ကိုတောင် ခံစားနေရသည် ။

" Jeon... Jeon မျိုးနွယ် မင်း အထက်လူကြီးကို ဘယ်လိုပြုမှုနေတာလဲ?

စကားလမ်းကြောင်းတောင် မဖြောင့် ခွေးအကြီးလို မေးနေတဲ့ ဌာနမှုး စကားကို ပြန်ခံပြောဖို့က စက္ကန့်ပိုင်းတောင်း Jeon Jungkook တို့မလိုလိုက် ။

" ပြောကြည့် ကျွန်တော်ခု ဘာလုပ်မယ်လို့ထင်လဲ ?

လက်မောင်းအကျီကို ခေါက်တင်ရင်းဖြင့် မေးလိုက်သည်။

No Reason || 𝕮𝖔𝖒𝖕𝖑𝖊𝖙𝖊 ||Dove le storie prendono vita. Scoprilo ora