EXTRA(A Promise)

1.1K 38 4
                                    

နိုးထလာတဲ့မနက်​ခင်းတစ်​ခု...
လှုပ်​ရှားမှုတိုင်းကအသက်​မဲ့စွာနဲ့
သံပတ်​​ပေးထားတဲ့စက်​ရုပ်​တစ်​ခုလို...

ကျ​နော်​မိဘ​တွေစီစဉ်​​ပေးထားတဲ့အတိုင်း
ဒီမှာပဲ​ဆေး​ကျောင်းဆက်​တက်​ရတယ်​...
နောက်​ပြီးyang ziနဲ့လက်​ထပ်​လိုက်​ရတယ်​...
ကျ​နော်​သူကိုတကယ်​အားနာမိတယ်
သူ့လက်​ထပ်​ပွဲပျက်​သွားတာ
ကျ​နော့်​​ကြောင့်​ဆိုလည်းမမှားဘူး​လေ
သူကိုကျ​နော်​ခံစား​နေရတာ​တွေအကုန်​​ပြောပြဖြစ်​တယ်
သူကကျ​နော့်​အတွက်​သူစိမ်း​တွေကြားက
ကျ​နော်​လွတ်​လပ်​စွာဆက်​ဆံမိသူတစ်​​ယောက်​ပဲ
သူကလွတ်​လပ်​တယ်​...
ပွင့်​လင်းတယ်​​ပျော်​​ပျော်​​နေတတ်​တယ်
သူ့လက်​ထပ်​ပွဲပျက်​သွားလဲသူများအမြင်​​တွေကို
ဂရုမစိုက်​ခဲ့ဘူး...သူ့မိဘ​တွေသ​ဘောကျဆက်​​နေခဲ့တယ်
ကျ​နော်​ဖြစ်​ပျက်​ခဲ့တာ​တွေသူ့ကို​ပြောပြ​တော့လည်း
သူကကျ​နော်​ကိုရယ်​တယ်​...
လှောင်​တဲ့သ​ဘော​တော့မဟုတ်​ဘူး...
သူ​ပြောတာကအရာရာအားလုံးက
ကိုယ့်​စိတ်​တိုင်းကျမဖြစ်​နိုင်​ဘူးတဲ့
ကိုယ့်​ကိုယ်​ကိုအပြစ်​မတင်​ဖို့ကျ​နော့်​ကို​ပြောတယ်
သူကပန်းချီဆွဲ​နေတာများတယ်​...
ကျ​နော်​မှတ်​မှတ်​ရရသူ့ပန်းချီခန်းထဲဝင်​ကြည့်​​တော့
တွေ့လိုက်​ရတဲ့ပန်းချီကားက
အ​မှောင်​ထဲမှာသိသာ​နေတဲ့ကြယ်​​လေးတစ်​လုံး
တခြားကြယ်​​တွေနဲ့မတူဘူး
သူ့အ​ရောင်​က​မှေးမှိန်​​နေတယ်​...
ရုတ်​တရက်

"သတိထားမိလား"

"ဟမ်​...ဘာကို"

"​အဲ့ဒီကြယ်​..."

"Imm...သူ့အ​ရောင်​ကတခြားကြယ်​​တွေနဲ့မတူဘူး"

"တခြားကြယ်​​တွေကအစွမ်းကုန်​လင်းထိန်​​နေ​ပေမဲ့
သူက​မှေးမှိန်​​နေတယ်​...အဲ့တာ​ကြောင့်​နင်​သတိထားမိတာ
အမြဲတမ်းလူ​တွေကထူးခြားတာကိုပဲသတိထားမိကြတယ်
ငါဆွဲထားတာကြယ်​​တွေလို့နင်​မြင်​လား"

"Imm..."

"ငါကအ​မှောင်​ထုကိုဆွဲထားတာ...
ကြယ်​​တွေကညရဲ့အ​မှောင်​ထု​တွေကြားမှာပဲ
လင်းထိန်​နိုင်​တာ​လေ...အ​မှောင်​ထုကိုပုံ​ပေါ်​အောင်
ဖော်​​ပေးတာကကြယ်​​လေး​တွေ​...
သူတို့ကလှပတယ်​အ​မှောင်​ကိုအလင်း​ပေးနိုင်​ဖို့
အမြဲယှဉ်​တွဲ​နေတယ်​...ဒါ​ပေမဲ့​နေမင်းရဲ့ 
အလင်း​ရောင်​​အောက်​မှာအကုန်​လုံး​ပျောက်​ဆုံးကုန်​တယ်​...
မတည်​မြဲနိုင်​ဘူးမလား..."

By your side(COMPLETED )Where stories live. Discover now