(Zawgyi Ver)
ပြတင်းပေါက်မှမြင်နေရသော မိုးရာသီက ခပ်အုံ့အုံ့နှင့် မှိုင်းတိုက်နေသည်။
အဖြူရောင်ဆေးသုတ်ထားသော ပြတင်းပေါက်ဘောင်ကိုမှီပြီး မျက်စိရှေ့တည့်တည့်တွင်ရှိသော သူ့ကိုကြည့်လိုက်မိတော့သူ့ရှေ့မှ မျက်နှာချင်းဆိုင်အနေအထားဖြင့်Laptopတစ်လုံးကိုသဲကြီးမဲကြီးကြည့်နေခြင်းက ဒီနေ့ တနဂနွဆေိုတာ ပြောပြနေသည်
မကြာခင်မှာ ခပ်ဖွဲဖွဲလေး ကျလာသော မိုးစက်သံများ
ကော်ဖီတစ်ခွက်လောက်ထဖျော်ချင်ပေမယ့်
စိတ်မပါတော့
မီးဖိုချောင်က မနက်ထဲကတည်ထားသော ရေနွေးတွေမှလည်းအေးကုန်ပြီမှတ်လား
ပိတ်ထားတဲ့ TV ,စကားတစ်ခွန်းမှမပြောမိကြတဲ့သူတို့။ကြားထဲက ကျွန်တော်တို့ဆက်ဆံရေးက ဘယ်လောက်ထိသွေးအေးသွားပြီလဲ?
အေးစက်သွားပြီဖြစ်တဲ ရေနွေးတွေလို...?ပိတ်ထားတဲ့ television လို .....?
ကြာခဲ့ပြီမှတ်လား နောက်ဆုံးမှတ်မိတဲ့နွေးထွေးမှုလေးက
မိုးရွာတိုင်း ပြတင်းပေါက်မှာထိုင်လေ့ရှိတဲ့ကျွန်တေျာ့ကို အဖြူရောင်ဆွယ်တာအကျီလေးယူပေးခဲ့ပြီး နဖူးထက်ကို ခပ်ဖွဖွနမ်းလိုက်သည့်အနမ်းတို့
နှစ်လလောက်ရှိခဲ့ပြီ
ကြၽန္ေတာ့်အတွက်ဆွယ်တာအကျီလေး ဂရုတစိုက်မယူလာပေးခဲ့တာ
သူ့အတွက်လည်း ကော်ဖီပူပူတို့မယူပေးဖြစ်ခဲ့တာဒီလိုနဲ့အဆုံးသတ်ရမှာလား
သက်ပြင်းတစ်ချို့ချလိုက်မိပြီး ဆံပင်ပျော့ပျော့တို့ကိုသပ်တင်မိတော့ ခေါင်းလျှော်ပြီးတိုင်း ရေတို့မခြောက်ခင် ဂိမ်းထိုင်ဆော့တတ်သည့် ကိုယ့်ကို အနောက်ဖက်မှ တဘတ်တစ်ထည် dryer တစ်ခုနဲ့အမြဲလိုက်ဂရုစိုက်ပေးတဲ့ကိုကို....
မျက်စိရှေ့တည့်တည့်မှာရှိနေရဲ့သားနဲ့ ကို
ဆို့နင့်သလိုဖြစ်လာတဲ့ရင်ဘတ်*မွန်းကြပ်လိုက်တာ*
အဲ့ညနေက နောက်အပတ် ကျွန်တော်တို့သုံးနှစ်ပြည့် anniversary ကို သတိရလားမရလား မသေချာတဲ့ ကိုကိုဟာ အလုပ်ကိစ္စနဲ့ ဂျပန်ကိုခရီးထွက်ဖို့ပြင်နေခဲ့တယ်။
"မသွားလို့မရဘူးလား နောက်အပတ်က"
"ငယ်ငယ်ရာ ကိုကို အလုပ်ကိစ္စကြောင့်သွားရမှာလေကွာ ဘာလို့ဂျီကျနေလဲ ဒီ ပရောဂျက်ပြီးဖို့အရေးကြီးနေတယ်"
YOU ARE READING
Rainy Days Without You
FanfictionI have nothing without you ..~ (one shot) (Both Unicode and Zawgyi Ver)