part 16

6.9K 698 58
                                    

Unicode

တစ်လတောင် ....တစ်လကြီးများတောင်ရှိနေပြီလေ Jeon Jungkook ၊ မင်းကဖုန်းလေးတောင်ဆက်ဖော်မရပဲ နေနိုင်တယ်ပေါ့လေ ။
စားပြီး နားမလည်တဲ့ကောင် ၊ ပြန်လာတော့မှ ချီးတောင် ငါ့ကို လာမခေါ်နဲ့ ။

ဒီညထိပဲ ဒီတစ်ညပဲ မင်းဖုန်းဆက်ရင်ဆက် မဆက်ရင် ငါမင်းနဲ့အပြတ်ပဲ ဟမ့် မလုပ်ရဲဘူးမထင်နဲ့ Jeon Jungkook!

Jimin တယောက် ခြံထဲကပန်းပင်များကိုရေလောင်းရင်း အဝေးရောက်ချစ်သူကြီးကို နေ့တိုင်းကို မေတ္တာများပို့သနေပါတော့သည် ။
ခြံထဲလမ်းလျောက်ထွက်လာတဲ့ Taehyung က ကြားရော ဖုန်းလေးကို အသာထုတ်ပြီး record လေးပါ ရယူထားလိုက်သေးသည်။
အပြစ်မရှိတဲ့ အပင်တွေပေါ်ကို ဒေါသတွေပုံချကာ ခြေကားယား လက်ကားယား နှင့် Park Jimin ကိုကြည့်ပြီး Taehyung မှာ ပါးစပ်ကြီးကို အတင်းပိတ်ကာ အသံမထွက်အောင် ရီနေရသည်။
ရီချင်စိတ်ကို ထိန်းထားရတာကြောင့် Taehyung မျက်နှာကြီးမှာ သံပုရာသီးကိုက်ထားရသလိုပင် ။

Taehyung က ထို record ကို သက်ဆိုင်သူထံသို့ပေးပို့ပြီးသကာလ တဖက်တွင် .......

အားယား သေပီ ငါတော့အဆုံးသတ်ပီပဲ ငါဘာလို့ သူ့ကိုမှ မပြောမိရတာလဲ? ချီး ငါတော့တကယ် သေပြီ ဘယ်လိုလုပ်ရမလဲ စဥ်းစားစမ်း
Jeon Jungkook စဥ်းစားစမ်း

ကိုယ့်လက်သည်းကို ကိုက်ကာ ခြောက်ပေလောက် အကွာဝေးကို အသွားအပြန်လုပ်ကာ လမ်းလျောက်နေတဲ့ သားတော်ကို ​ရှောင်ပြီး TV ကြည့်ရတာ Jeon Appa အဆင်မပြေတော့ ။

" Jeon Jungkook ရေ ငါမျက်စိတွေမူးနေပြီ လာထိုင်တော့ ဟျောင့်

" Appa ရာ Appa မသိပါဘူး ခနလေး ကျွန်တော့်ကို အာရုံမနောက်နဲ့

" ဘာဖြစ်နေတာလဲ မင်းငါ့ကုမ္မဏီကို ဒေဝါဒီခံရအောင် လုပ်ထားမိလို့လား

" ကုမ္မဏီ ဒေဝါဒီခံလိုက်ရတာမှ ခံသာသေးတယ် Appa ရ ခုဟာက......ဟာကွာ မသိတော့ဘူး ခေါင်းကိုက်လာပြီ

" သားငယ်ရယ် ဘာတွေ ဖြစ်နေတာလဲ ပြောပြမှ Omma တို့က ဖြေရှင်းပေးလို့ရမှာပေါ့ အဲ့လို ဟိုဘက်လျှောက်လိုက်ဒီဘက်လျှောက်လိုက်လုပ်နေတော့ အမေတို့လဲ မူးတယ် ငြိမ်ငြိမ်လေး ထိုင်ပြီး ပြောစမ်းပါ ဘာဖြစ်တာလဲ ဆိုတာ

No Reason || 𝕮𝖔𝖒𝖕𝖑𝖊𝖙𝖊 ||Onde histórias criam vida. Descubra agora