Focus (Zawgyi)

1K 29 9
                                    

သဘောကောင်းတယ်ဆိုတာ ကြားရတာတော့ ကောင်းပါသည် ။ တကယ်တမ်း သဘောကောင်းတဲ့ ဒဏ်တွေကို မခံရသေးသရွေ့ပေါ့ ။

သဘောကောင်းတာက သဘောကောင်းတဲ့လူအတွက်လည်း ကောင်းသည် ။ သဘောကောင်းခံရတဲ့လူတွေအတွက်လည်းကောင်းသည် ။ သဘောကောင်းတဲ့လူရဲ့ Nong တစ်ယောက်အတွက်ပဲ မကောင်းတာဖြစ်လိမ့်မည် ။

~~~

** N' Gulf Kha ~ N' က အမြဲတမ်းအလုပ်ကို ကြိုးစားတယ် ၊ တစ်ခုခုလုပ်ပြီဆိုရင် အာရုံစူးစိုက်ပြီးလုပ်နိုင်တယ် ။ N' ဆီမှာ ဘာမဆို ဖြစ်အောင်လုပ်မဲ့ဆိုတဲ့ စိတ်ကိုလည်းတွေ့ရတယ် ။ ဒါကြောင့် N' ရဲ့ဘဝမှာ အောင်မြင်မှုတွေကိုပဲရမှာပါ ။ အခုကျန်တဲ့နောက်ဆုံးစာသင်နှစ်မှာ (အတန်းမပြေးဘဲနဲ့) အင်ဂျင်နီယာကောင်း တစ်ယောက်ဖြစ်အောင် စာတွေကို ကြိုးကြိုးစားစား သင်ယူလိုက်ဦးနော် ။

သတိရနေမယ်လို့မပြောတော့ဘူး ။ ခနပဲ ကျောင်းပြန်သွားတက်တယ်လို့ ယူဆမယ် ။ ကျောင်းပြီးရင် P' တို့ဆီကိုပဲ သေချာပေါက်ပြန်လာခဲ့နော် ။ N' ရဲ့မှုန်ကုပ်ကုပ်မျက်နှာလေးကို အမြဲသတိရနေမယ် ။

စာကြွင်း/ P' တို့ Company ကိုလာလည်ဖို့ဆိုရင်တော့တစ်ခါတစ်လေ ကျောင်းလစ်လည်းရမှာပါ xP (ဆရာမကိုတော့ P' လစ်ခိုင်းတယ်လို့မပြောနဲ့နော်)

ပုံ/အားလုံးချစ်တဲ့ မန်နေဂျာမမ P' Mild **

"Aww ~ P' krub ~"

P' Mild ရဲ့စာကိုဖတ်ပြီး ငိုချင်စိတ်က
ထိန်းမရတော့ ။ ကျွန်တော် P' ကိုပြေးဖက်လိုက်သည် ။

စားပွဲပေါ်မှာ အစီအရီချထားတဲ့ Best of Luck N' Gulf ဆိုတဲ့စာတမ်းနဲ့ ကိတ်မုန့်အဖြူရောင်လေးရယ် ၊ နှုတ်ဆက်လက်ဆောင် ပန်းစည်းနဲ့ ပစ္စည်းတစ်ချို့ရယ် ၊ ပြီးတော့ အခုကျွန်တော်ဖွင့်ဖတ်နေတဲ့ နှုတ်ဆက်စာတွေရယ်က ရင်ဘတ်ထဲကမွန်းကြပ်မှုတွေကို ပိုပြီးဆွပေးနေသလိုဖြစ်နေသည် ။ P' Mild ကတော့ နှစ်သိမ့်တဲ့သဘောနဲ့ လက်နှစ်ဖက်ဖြန့်တန်းဆီးကြိုပြီး ကျွန်တော့်ကိုပြန်ဖက်ထားရင်း ကျောကုန်းကို ပွတ်သတ်ပေးသည် ။

ဒီနေ့က ကျွန်တော် "Wannjai Production" မှာ အလုပ်သင်ဆင်းတဲ့နောက်ဆုံးနေ့ဖြစ်ပါသည် ။ အားလုံးကို ထားခဲ့ရတော့မယ်ဆိုတဲ့ခံစားချက်က ထင်သလောက်လွယ်ကူမနေပါ ။

You've reached the end of published parts.

⏰ Last updated: May 03, 2020 ⏰

Add this story to your Library to get notified about new parts!

Focus, Focus  Where stories live. Discover now