အခန်း (၁၃)/ခ

6.3K 913 43
                                    

Zawgyi Ver:

စုယွဲ့သည် သူမအကျယ်ချုပ်မှလွတ်မြောက်သွားပြီဖြစ်၍ပျော်ရွှင်နေသည်။ ဖေ့ကျင်းနှင့် ရန်ရှီးနဉ်တို့လင်မယားကိုခွဲဖို့ရာ သူမအတွက်ကံတရားကအခွင့်အရေးပေးလာခြင်းပေ..

ရန်ရှီးနဉ်က စုယွဲ့ကိုရက်အနည်းငယ်နားခွင့်ပေးသော်လည်း သူမငြင်းဆိုလိုက်သည်။သူမအခန်းကိုသပ်သပ်ရပ်ရပ်ဖြစ်အောင်ရှင်းပြီးနောက် ရန်ရှီးနဉ်၏နောက်တော်သို့လိုက်ပါသွားတော့သည်။

ဖေ့ကျင်းနှင့်ရန်ရှီးနဉ်တို့နေသော အိပ်ဆောင်တွင် ရန်ရှီးနဉ်သည် အစေခံတစ်ဦးမွေးထားသောကြောင်လေးတစ်ကောင်နှင့်ဆော့ကစားနေသည်။ ဖေ့ကျင်းသည်လည်း ရန်ရှီးနဉ်နား၌ စာဖတ်ရင်းထိုင်နေသည်။ကြောင်၏တမြောင်မြောင်နှင့်အော်နေသံမှလွဲ၍ သူတို့၏အိပ်ဆောင်တစ်ခုလုံးတွင်အတော်အတန်တိတ်ဆိတ်နေသည်။

"မင်းသားကိုး... ဆေးစွပ်ပြုတ်ကသောက်လို့ရပြီထင်တယ်"ရန်ရှီးနဉ်ကပြောလိုက်သည်"ကျွန်မဗိုက်ဆာလာပြီ"

"အဲ့တာဆိုတစ်ယောက်ယောက်ကို စားဖိုဆောင်မှာသွားယူခိုင်းလိုက်လေ"ဖေ့ကျင်းကပြောပြီးနောက် စုယွဲ့ကိုကြည့်လိုက်သည်။

စုယွဲ့လည်းအကြည့်ကိုသဘောပေါက်ကာချက်ချင်းပင် စားဖိုဆောင်ဘက်ဆီသို့လျှောက်သွားတော့သည်။ဆေးစွပ်ပြုတ်ကကျက်နေပြီဖြစ်သောကြောင့် စုယွဲ့သည် ယောက်ချိုဇွန်းဖြင့်ပန်းကန်လုံးတစ်လုံးစာခပ်ကာထည့်လိုက်သည်။အငွေ့ကသူမမျက်နှာကိုလာရိုက်ပြီး သူမ၏ခေါင်းတွင်အကြံဆိုးတစ်ခုဝင်လာသည်။

ရန်ရှီးနဉ်သည် ဆေးစွပ်ပြုတ်လေးတစ်ခွက်သောက်ရဖို့အရေး အတော်အတန်စောင့်လိုက်ရသည်။ စွပ်ပြုတ်ပန်းကန်ကိုသူမရှေ့ကစားပွဲပေါ်ချပေးလိုက်သောအခါ သူမစွပ်ပြုတ်သောက်ကြည့်ဖို့စိတ်လှုပ်ရှားနေပုံဟန်ဆောင်လိုက်သည်။

"မင်းသားကိုး.. ရှင်တစ်ဇွန်းလောက်သောက်အုံးမလား?"ရန်ရှီးနဉ်ကမေးလိုက်သည်။

"တော်ပြီ"ဖေ့ကျင်းကပြောလိုက်သည်။ "ဖူးရန်.. မင်းစွပ်ပြုတ်ကိုဖြည်းဖြည်းချင်းသောက်နော်"

ဉာဏ်များလွန်းသော ခင်ပွန်းသည်Where stories live. Discover now