part 19

7.4K 790 174
                                    

Unicode

Jungkook ပါးစပ်ကြီးပြုတ်ကြမတတ် အံ့သြသွားရသည်မဟုတ်လား။ မနေ့က သူရှေ့မှာပဲ...... မဟုတ်သေးပါဘူး ဘယ်လိုဖြစ်တာလဲ?

သူနားမလည်တော့တာကြောင့် Jimin ကို ကြည့်လိုက်ပေမယ့် လွန်ခဲ့တဲ့ စက္ကန့်ပိုင်းကတင် သူ့ကိုယ်နဲ့ထိကပ်နေအောင် ရပ်နေတဲ့ Park Jimin ဆိုသူက ခု ငါးမိုင်လောက်အကွာကို ရောက်နေရဲ့ ။ သူ့နားမှာ လေဟာနယ်ကြီးဖြစ်နေပီ ဘယ်သူမှ မရှိကြတော့ဘူး။ Jungkook က လှမ်းကြည့်နေပေမယ့်လဲ Park Jimin တို့တစုက သူနဲ့ မျက်စိမဆုံမိအောင် လုပ်နေကြသည် ။

Jimin တို့အတွေးက တစ်ထပ်ထဲ တိုက်စရာကိုမလိုတာ။ Jungkook ကို Tae Appa ကန်လိုက်လို့ ခြေချော်ပီး ဒင်းတို့ကို လာထိမှာ ကြောက်လို့ ဝေးဝေးရှောင်ထားကြတာ။ သတိထားတာ မမှားဘူးလို့ မေမေက ငယ်ထဲက သင်ပေးထားတယ်လေ။ တခါမှ စကားနားမထောင်ခဲ့ပေမယ့် ဒီချိန်တော့ နားထောင်ရမယ်မလား? အခန့်မသင့်ရန် နောက်တကြိမ်အကန်ခံရနိုင်တယ်ဆိုတာ သိ​​နေတယ်လေ Park Jimin တို့က ။

Tae Appa " အူကြောင်ကြောင်လုပ်နေတဲ့ ဟိုကောင် တံခါးပေါက်မှာ ပိတ်ရပ်မနေနဲ့ ဝင်ခဲ့

Tae Omma " ရုပ်လေးချောပြီး ပေါချာချက်ပဲ အေးပေါ့ ငါ့သားသူငယ်ချင်းပဲကို

Tae Appa " Taehyung Omma ရေ မင်းက ဂုဏ်ဆာ​နေတာလား? ပေါချာနေတာကို

Tae Omma " အေးလေ ဆာစရာ ဒါပဲရှိတာကို ရှင်ကလဲ သိသားနဲ့

Tae Appa ကိုယ့်နဖူးကို ပြန်ရိုက်လိုက်မိတယ်။ အေးလေ ဒီလိုအမေက မွေးထားမှတော့... ဟူး ငါကိုက လျှာရှည်တာ ။

Taehyung မိဘတွေကို ကြည့်ပီး Jungkook ရှေ့တိုးရမှာလား? နောက်ပဲ ပြန်လှည့်ရမလား?လမ်းတွေပျောက်နေလေရဲ့။

မထူးပါဘူးလေ Taehyung ကို ကြည့်ရမှာပဲကို!

Jk " ကျနော် ....ကျနော် Taehyung ကို ကြည့်လို့ရမလား?

Tae Appa " နေအုန်း မင်းငါ့ကို ဘာမှ ပြောစရာမရှိဘူးလား?

Jungkook ကြောင်သွားသည်။ Tae appa ကို သူဘာပြောစရာရှိမှာလဲ? မဟုတ်ဘူး တောင်းပန်ဖို့ပြောနေတာလား? အခန်းမှားစောင့်ခဲ့တာကို ဒါမှမဟုတ် သူ့ကြောင့်ဆိုတာ သိသွားတာလား? Tae Appa ဘာပြောချင်တာလဲ ။

No Reason || 𝕮𝖔𝖒𝖕𝖑𝖊𝖙𝖊 ||Where stories live. Discover now