Part {32} Zawgyi

6.6K 633 0
                                    

Entertainment ​၏ CEO ရုံးခန်းတစ်ဖြစ်လဲ မုဏ်း​၏ အခန်းသည် ယခုအခါ ဖိုင်တွဲများဖြင့်သာ ပြည့်နှက်နေတော့​၏။

"Boss"

တစ်ညလုံးနီးပါး အလုပ်ရှုပ်နေသည်မို့ မိုးလင်းခါနီးမှသာ မှေးခနဲအိပ်ပျော်သွားပုံပေါ်​၏။ အသံကြား၍နိုးလာလေတော့ အလင်းရောင်ပင်ပေါ်ထွက်လုနီးနီး။

"အင်း ဘာကိစ္စလဲ"

စားပွဲ အရှေ့ကို ကြည့်မိသော ရှင်းနေရောင်။

"ကျွန်တော်ပြောစရာရှိလို့ပါ"

DEMONs အဖွဲ့ ပထမဦးဆုံး debut ၍ tour လုပ်ကာ ပြန်ရောက်လာခဲ့ကြပုံပေါ်သည်။ ကုမ္မဏီပြသနာများဖြင့်ရှုပ်နေ၍ ဤနေ့ကိုပင် မုဏ်းမေ့လျော့နေခဲ့သည်မှာ ကလေးများအား ဂရုမစိုက်သလို ဖြစ်သွားခဲ့ရသည်သာ။

"Flight ကစောသားပဲ ။ ကိုယ်မေ့နေတာ။ ဆောရီးနော် နေရောင်"

"ရပါတယ် "

"ပြောစရာရှိတယ်ဆို။ ခဏလောက်စောင့်ပေးမလား။ ပြင်ဆင်စရာနည်းနည်းရှိနေသေးလို့"

"ဟုတ်ကဲ့ Boss။ ဧည့်ခန်းက စောင့်နေပါ့မယ်"

ထိုသို့ပြောကာ ထွက်သွားလေသည့် ရှင်းနေရောင်​၏ မျက်နှာအမူအရာအရ ပြောမည်ဟူသော စကားက သတင်းကောင်းတော့မဖြစ်နိုင်ပါလေ။

ပြင်ဆင်စရာရှိသည်များပြင်ဆင်ပြီးသည့်နောက် အချိန်ကြည့်မိတော့ စောလွန်းသေးသည်။ သည်အချိန်ဆို ကောင်လေးအိပ်ယာမနိုးသေးသည်ကို သိသောကြောင့် ဖုန်းဆက်ချင်စိတ်အား အောင့်အီးကာ ဧည့်ခန့်ဘက်သို့သာ ထွက်လာလိုက်တော့သည်။

"နေရောင်"

"Boss"

ကျောပေးကာ ထိုင်နေသည့် ရှင်းနေရောင်သည် မုဏ်းအသံကြားသည်နှင့် ချက်ချင်းဆိုသလို ထရပ်​၏။

"ထိုင်ပါ နေရောင်ရ"

ရင်းရင်းနှီးနှီးပြောနေသည့်တိုင်ရှင်းနေရောင်က မထိုင်နိုင်၊ ခေါင်းငိုက်စိုက်လျှက်သာ နေနေတော့​၏။

"ဘာကိစ္စရှိလဲ"

"Boss"

တုန်ယင်စွာ ခေါ်ပြီး ချက်ချင်းဆိုသလို ဒူးထောက်ထိုင်ချလိုက်သောရှင်းနေရောင်ကြောင့် မုဏ်း အတော်လေး အံ့အားသင့်သွားရသည်။

King Of BossWhere stories live. Discover now