7+8+9(z+u)

2.6K 241 1
                                    

အခန်း(၇)

ENCOUNTER

အထက်တန်းကျောင်းသူ ဘဝတုန်းကတော့ ချင်းချူက ဟော်မြန့်ရဲ့ ဘဝအတွက် အရေးအပါဆုံးသော လူတစ်ယောက် ဖြစ်ခဲ့သည်။ ထိုသူကပင် သူမကို မိုက်မဲမှု၊ အချစ်၊ အမုန်း ခံစားချက် အဖုံဖုံကို တွေ့ကြုံ ခံစားစေခဲ့သည်။ ယခုတော့ ၇နှစ်ကြာ နှုတ်ဆက်စကားတစ်ခွန်း မဆိုဘဲ ကွယ်ပျောက်သွားပြီးနောက် သူပြန်လာခဲ့ပြီ။ ဒါ့အပြင် သူက အခု လက်ထပ်ခွင့်ပင် တောင်းနေပြန်သည်။ လွဲမှားတဲ့ အချိန်နဲ့ နေရာမှာ၊ လွဲနေတဲ့ လူကိုလေ…။ ဒါက ဖြစ်နိုင်ပါရဲ့လား။

“ချင်းချူ၊ တော်တော့။ တို့တွေ ကလေးတွေလည်း မဟုတ်ကြတော့ဘူး။ “ ဟော်မြန့်ရဲ့ အသံက အက်ကွဲနေပြီး သူ့ဆီမှ မျက်နှာလွှဲထားလေသည်။

“ကိုယ် နောက်ပြောင်နေတာ မဟုတ်ဘူး။“ ချင်းချူက ဟော်မြန့်ရဲ့ ရင်းနှီးနေတဲ့ မျက်နှာလေးဆီကို စိုက်ကြည့်ရင်း ပြန်ချေပနေသည်။

“ဒါဆို ရှင်က ကျမ ခံစားချက်တွေကို ရှုပ်ထွေးအောင် လုပ်ဖို့သက်သက်လား။ ရှင်ဘာသာ ပျော်ရွှင်နေပြီပဲ မဟုတ်ဘူးလား။“ ဟော်မြန့်က ခြောက်ကပ်ကပ် ရယ်မောလိုက်ပြီး သူမရဲ့ အသံ ပျက်ယွင်းနေတာကို ကိုယ့်ဘာသာ ပြန်သတိပြုမိလိုက်သည်။

“ကိုယ် အဲ့လို မဟုတ်ဘူး“

“ဒါဆို ရှင် ကျမကို ပြောတာ အတည်ပေါ့လေ။“ ဟော်မြန့်ရဲ့ ခက်ထန်ခြင်းက သူ့ကို ကြည့်ကာ သူ့ရဲ့ အဓိပါယ် မရှိလှတဲ့ စကားတွေကို လှောင်ပြောင်ရယ်မောခြင်းသို့ ပြောင်းလာလေသည်။

ချင်းချူ က တုံ့ပြန်ချေပခြင်း မပြုပေမဲ့ သူ့အမူအရာတွေက အကုန်လုံးကို ဖော်ပြနေသကဲ့သို့ပင်။

ဟော်မြန့်က အသက်ကို ခပ်ပြင်းပြင်း တစ်ချက် ရှုလိုက်ပြီး၊ သူ့ကို လက်ညိုးထိုးကာ

“ကောင်းပြီလေ။ ချင်းချူ… ခု ရှင်ပြောတာကို ထပ်ပြောစမ်းပါဦး။“

“ဟော်မြန့်..ကိုယ်တို့ လက်ထပ်ကြစို့။“ သူက ချက်ချင်းပဲ နောက်တစ်ခေါက် ထပ်ပြောလိုက်သည်။

“ချင်းချူ…နားထောင်လိုက်။ ကျမက လက်ထပ်တော့မှာ။ ဒါပေမဲ့ ရှင်နဲ့ မဟုတ်ဘူး။ ကျမတို့ ကြားက ဘာမှ မဖြစ်ပျက်ခဲ့တာကြောင့် ရှင်လည်း အပျော်လုပ်နေတာတွေ ရပ်တော့။ ရှင် ကျမပြောတာတွေကို သတိမရတော့ဘူးလား။ ဒီကမ္ဘာပေါ်က ယောက်ျားတွေအားလုံး သေသွားရင်တောင်မှ ကျမ ရှင်နဲ့ အတူရှိဖို့ မဖြစ်နိုင်ဘူး ဆိုတာလေ။ ရှင် ဒါကို မသိလောက်ဘူးထင်တယ်။ ရှင်က ကျမ မုန်းတဲ့ တစ်ယောက်တည်းသောသူပဲ။ ရှင် ကျမကို ထိခိုက် နာကျင်စေတယ်။ ပျက်စီးစေခဲ့လုနီးပါးပဲ။ ဒါပေမဲ့ ရှင်ဘယ်တော့မှ နားလည်မှာ မဟုတ်ဘူး။ ရှင်က ကျမမှ မဟုတ်တာ။ ရှင် ကျမ လို အိပ်မက်ဆိုးတွေနဲ့လည်း နေခဲ့ရဖူးမှာ မဟုတ်ဘူး။ ဒီတော့ ကျေးဇူးပြုပြီး၊ ကျမတို့တွေ ကိုယ့်ဘဝနဲ့ကိုယ်ပဲ နေကြရအောင်။ ထွက်သွားလိုက်ပါတော့။ ကျမ ရှင့်ကို ထပ်မမြင်ချင်တော့ဘူး။ ကျမအတွက်တော့ ရှင်က မပျက်ဆီးနိုင်တဲ့ ဒဏ္ဍာရီ တစ်ခုပဲ။ ဒီတော့ ကျမ ဘဝမှာလည်း ရှင်မပါဘဲနဲ့ ကောင်းကောင်းဆက်နေသွားမှာ။“

အချစ်စတင်ခဲ့ရာ (volume one)Donde viven las historias. Descúbrelo ahora