နိဒါန်း

619 17 0
                                    

(ဆားတောင်ပြည်စတင်ပေါ်ပေါက်လာပုံ)

ရှေးသရောအခါကရတနာသိင်္ဃဟုခေါ်သည့်တိုင်းပြည်ကြီးတစ်ပြည်ရှိခဲ့သည်။ ၎င်းတိုင်းပြည်
ကြီးကိုစိတ္တဘုရင်ကြီးကတရားနှင့်အညီအုပ်ချုပ်စိုးစံခဲ့သည်။

စိတ္တဘုရင်ကြီးတွင်မိဖုရားသုံးပါးရှိပြီး၎င်းမိဖုရားသုံးပါးလုံးမှသားတော်တစ်ပါးစီဖွားမြင်ခဲ့ကြသည်။

ရတနာသိင်္ဃတိုင်းပြည်ကြီး၏တည်နေပုံမှာအရှေ့ဘက်တွင်စိန်တောင်ပြည်၊အနောက်ဘက်တွင်မိုးနဂါးတိုင်း၊မြောက်ဘက်တွင်ဆင်ဖြူတိုင်း၊တောင်ဘက်တွင်သံတောင်ပြည်နှင့်မြစိမ်းရောင်တိုင်းတို့ကဝန်းရံလျက်ရှိသည်။

ရတနာသိင်္ဃတိုင်းနှင့်မိုးနဂါးတိုင်းတို့အကြားတွင်စိမ့်မြစ်ကြီးကဖြတ်သန်းစီးဆင်းနေသည်။
စိတ္တဘုရင်ကြီးကသားတော်သုံးပါးလုံးကိုအညီအမျှချစ်ခင်ခဲ့သည်။ထို့ကြောင့်တိုင်းပြည်အတွင်းရှိပြည်နယ်သုံးခုကိုသားတော်သုံးပါးအားတစ်ယောက်တစ်နေရာစီအပိုင်စားပေးခဲ့သည်။

တစ်နေ့တွင်စိတ္တဘုရင်ကြီးရုတ်တရတ်နတ်
ရွာစံသွားသည်။စိတ္တဘုရင်ကြီးနတ်ရွာစံသည့်အချိန်တွင်သားတော်သုံးပါးထဲမှမည်သူ့ကိုမှအိမ်ရှေ့စံအဖြစ်မတင်မြောက်ရသေးပေ။

မိဖုရားသုံးပါးလုံးကမိမိတို့၏သားတော်ကိုသာအရိုက်အရာဆက်ခံစေလိုကြသည်။ထို့ကြောင့်အရိုက်အရာဆက်ခံခွင့်ကိုသူရသင့်သည်၊ငါရသင့်သည်နှင့်အငြင်းပွားကြရင်းညီအကိုအချင်းချင်းမသင့်မမြတ်ဖြစ်ကုန်ကြသည်။

နောက်ဆုံးတွင်သားတော်သုံးပါးလုံးက၎င်းတို့အပိုင်စားရထားသည့်ပြည်နယ်များကိုကိုယ်ပိုင်တိုင်းပြည်များအဖြစ်တည်ထောင်လိုက် ကြသည်။

သားတော်ကြီးအပိုင်စားရခဲ့သည့်ပြည်နယ်မှာအဖိုးတန်ပတ္တမြားများထွက်ရှိသဖြင့်ပတ္တမြားတိုင်းဟုအမည်တွင်ခဲ့သည်။

သားတော်အလတ်အပိုင်စားရခဲ့သည့်ပြည်နယ်မှာအဖိုးတန်ကျောက်စိမ်းများထွက်သဖြင့်ကျောက်စိမ်းတိုင်းဟုအမည်တွင်ခဲ့သည်။

သားတော်အငယ်ဆုံးအပိုင်စားရခဲ့သည့်တိုင်းပြည်မှာမူဆားတောင်များနှင့်ဆားကျင်းမြေများသာရှိသဖြင့်ဆားတောင်ပြည်ဟုအမည်တွင်ခဲ့လေသည်။

The Ugly Prince (Season-1)(completed)Where stories live. Discover now