Part 2

44 3 4
                                    

Unicode

ကျောင်းတော်ကြီးမှာ တဖြေးဖြေး ‌အသားကျလာရင်း သူငယ်ချင်းတွေကိုလည်း အရမ်းကိုခင်တွယ်မိနေလေပြီ ဖြစ်သည်.....

သူငယ်ချင်းမလေး သုံးယောက်သည်လည်း မိန်းကလေးများသာဖြစ်သော်လည်း ယောက်ျားလေးဆန်ဆန် ဂျစ်တူးတွေဖြစ်သောကြောင့် မောင်နှမတွေဆိုတာထက် ညီအကိုတွေလိုပင်......

ပြောမနာဆိုမနာတွေဖြစ်ခဲ့ကြလေသည်....

ဒီနေ့ နှစ်ဝက်‌စာမေးပွဲစဖြေမည့်နေ့ပင်ဖြစ်သည်။ စာမေးပွဲကြီးပြီးလျင် သီတင်းကျွတ်ကျောင်းပိတ်ဦးမည်.....
သူငယ်ချင်းတွေကိုတော့ လွမ်းစရာလိုမည်မထင်ပါ တစ်ယောက်မှခရီးမသွားကြဘူးလို့သိရဲ့အပြင် ပိတ်ရက်တစ်ရက်ချင်းစီအတွက်လည်း အစီအစဉ်တွေချထားပြီးပြီလေ.....

မနက်7နာရီလည်းထိုးပြီဆိုတော့ ကျောင်းကိုထွက်ခွာရတော့မည်.....စာမေးပွဲက 9နာရီမှဖြေမှာပေမယ့် စာနွှေးသလိုလိုနဲ့ ကျောင်းဝန်းထဲ အလေလိုက်ရဦးမည်မို့ စောစောသွားရခြင်းပါ.....

ကျတော် ကျောင်းထဲရောက်တော့ ကျောင်းမှာလည်း လူတွေ‌အတော်များများရောက်နေကြပါပြီ.....အချိန်အရမ်းတိကျတဲ့ ကျတော်ရဲ့ ချစ်သူငယ်ချင်းကြီးတွေကတော့ မပါဘူးပေါ့ဗျာ.....

သေချာတော့ချိန်ထားပေမယ့်ရောက်မလာကြသေးပေ. စောင့်နေရင်းနဲ့မထူးတာနဲ့စာအုပ်လေးထုတ်ပြီး စာပြန်နွှေးရင်းစောင့်နေလိုက်တော့သည်....

" အမလေးမောလိုက်တာကွာ...."

"Aww ရောက်လာပြီပေါ့ ငါကမင်းတို့ကောင်တွေစာမေးပွဲ မဖြေ‌ကြတော့ဘူးထင်နေတာ"

အမောတကော ပြေးလာသော လွှမ်းအားကျတော် စတင်ခနဲ့ရတော့သည်

"မဟုတ်ပါဘူးကွာ အိမ်ကကားပျက်နေလို့ကွ အိမ်နားက ကလေးတွေနဲ့ လမ်းလျှောက်လာရတာ"

"မင်းအိမ်နဲ့ကျောင်းက ဘယ်လောက်ဝေးလို့လဲ? မင်းအိမ်မှာ လေလည်ရင်တောင်ကျောင်းထဲကကြားနိုင်တဲ့ ဟာကိုများ"

"ဟျောင့် တိမ်ယံ မင်းအာ့တော့များသွားပြီ ကားနဲ့တောင် 5မိနစ်လောက်မောင်းရတယ်ကွ သိရဲ့လား?"

ချစ်ခွင့်လေးသာ/ခ်စ္ခြင့္ေလးသာ(True story)/(Zawgyi/Unicode)Where stories live. Discover now