နုတ်ခမ်းနီက ကျတော့ကို ဆိုးလိုက်တယ်

32 1 0
                                    

ဒီနေ့ မင်းနဲ့အဆင်မပြေဘူး
ကိုယ် နှုတ်ခမ်းနီရဲရဲလေးဆိုးလိုက်တယ်

သိပ်လှတဲ့မနက်ခင်းတစ်ခုမှာပေါ့
ကြနေတဲ့ မျက်တွင်းတွေရယ်
​ကြနေတဲ့ စိတ်ဓါတ်တွေက
ဆာလောင်စွာ
မက်မက်မောမော တွေးမိတာက
ဒီအချိန်.......
မင်း အိပ်ပျော်နေတုန်းပဲလား

မင်းဆိုတာကလေ
အိမ်မက်တွေကိုတောင် ချိုမြိနိစေတဲ့သူ
ဒါဆိုမင်းအကြောင်းတွေးမိရင်
ကိုယ် ပျော်ရွှင်ခြင်းကိုယ်စားပြု
နှုတ်ခမ်းနီ အဝါရောင်လေး ဆိုးမယ်

ကိုယ့်ရဲ့အချစ်ပာာ
မင်းကို ကောင်းကင်ပေါ် ပျံသန်းစေလိုပြီး
အမှတ်တမဲ့ ထိခိုက်ရှနာတိုင်း
ရင်ဘတ်ထဲမှာကွက်ကြားမိုးရွာတယ်
သေခြာပါတယ် မင်းချစ်တဲ့နေ့တွေမှာ
ကိုယ့်နုတ်ခမ်း ပန်းနီရောင်က
ပျော်ရွှင်မှု့တွေနဲ့ တောက်ပနေပြီး
မင်းနဲ့စိတ်ကောက်တဲ့အခါ
ကိုယ်က နှုတ်ခမ်းနီ အစိမ်းရောင်ကို ဆိုးထားတယ်

အိမ်မက်တွေက အရမ်း စျေးကြီးပြီး
မျှော်လင့်ခြက်တွေကို အဆင်မပြေမှု့တွေက
တိုက်စားတဲ့အခါ
ကိုယ်လဲကြရင်တောင်
မင်းကိုတော့ ခိုင်မာစေခြင်တယ်

လက်တွေ့ဘဝမှာ
အချစ်ပာာ
ကောင်းမွန်တဲ့ အတွေးတစ်ခုသာမို့
ကိုယ်ပာာ
ရေငွေ့တစ်ခုကို ပျောက်ကွယ်သွားတဲ့ခါ
မင်းကိုတော့
ဆက်လက်ရပ်တည်စေခြင်တယ်

ကိုယ်ကသာအရောင်စုံပေမဲ့
မင်းကိုအစွန်းအထင်းကင်းစေခြင်တယ်
ကိုယ်တို့နမ်းတဲ့အခါ
မင်းစွန်းထင်းမှာစိုးတဲ့စိတ်နဲ့
ကိုယ်ပာာ
ဘာနှုတ်ခမ်းနီမှမဆိုးခဲ့
ကိုနှုတ်ခမ်းတွေခြောက်သွေ့နေမယ်
စကားလုံးတွေ မလှပပဲဖြစ်ကောင်းဖြစ်နေမယ်

မင်းမချစ်တဲ့နေ့တွေမှာ
ညို့မှိုင်းတဲ့နုတ်ခမ်းနီအရောင်သာ ရွေးခြယ်ဖြစ်ပြီး
မင်းနဲ့ သပာဇာတဖြစ်တဲ့နေ့တွေမှာ
လိမ္မော်ရောင်တောက်တောက်ကို
စိတ်လိုလက်ရဆိုးဖြစ်တယ်
အဲ့ဒီနေ့မှာ ရာသီဥတုက ကိုယ့်ဘက်ပါတယ်
အချစ်နဲ့အနီးမှာရာသီဥတုသာယာတယ်

ဘဝပာာမှန်တစ်ချပ်ဖြစ်ပြီး
ကိုယ့်ရဲ့ခံယူချက်တွေပာာ
အရောင်တွေသိပ်စုံတဲ့ နှုတ်ခမ်းနီတွေဖြစ်တယိ
တခါတလေ
ကျတော်က နှုတ်ခမ်းနီကိုဆိုးဖြစ်ပြီး
များသောအားဖြင့်
နှုတ်ခမိးနီက ကျတော့ကို ဆိုးလိုက်တယ်
ဒီအရောင်တွေကြား
ကိုယ်ပျောက်ဆုံးသွားတဲ့အခါ
မင်းရဲ့ရင်ဘတ်ထဲမှာ ကိုယ့်ကို ပြန်ရှာပါ

ပီတာ

ပီတာ

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
🎉 You've finished reading နူတ်ခမ်းနီက ကျတော့်ကို ဆိုးလိုက်တယ် 🎉
နူတ်ခမ်းနီက ကျတော့်ကို ဆိုးလိုက်တယ်Where stories live. Discover now