Eight😊

1.7K 154 26
                                    


" အ့ .... ခင်​ဗျား ​ဖြေး​ဖြေးလုပ်​လို့မရဘူးလား!!! "

ကျိရန်​ ခဗျာ ငဂျစ်ေ​လး နာ​နေမှာစိုးလို့ ​ဆေးကို ဂွမ်းစ ​လေးနဲ့ ဖွဖွ ​လေးလိမ်း​ပေး​နေတာ​တောင်​ အသံပြဲ ကြီးနဲ့ ထ​အော်​ပြီး ကိုယ့်​ကို ခပ်​ရင့်​ရင့်​ စကား​တွေလာ​ပြော​နေတာ​ကြောင့်​ ဝင်လက်​စ ​ဒေါသ ​တွေ အရှိန်​အဟုန်​ ဖြင့်​ ပြန်​ထွက်​လာ​ကာ ကိုယ့်​ကို ​ဒေါသ မျက်​ဝန်း​တွေနဲ့ ကြည့်​​နေတဲ့ ငဂျစ်​ရဲ့ နဖူး ကို ​ခေါက်​ခနဲ ပဲ။

" ​ဒေါက်​....."

" အ့... "

" ခင်​ဗျား ​တော်​​တော်​ တရားလွန်​​နေပြီ။ ဆရာဆိုပြီး ရိုက်​ချင်​တိုင်းရိုက်​လို့ရမယ်​ထင်​​နေလား ? "

" မင်း မဆိုးရင်​ ရိုက်​စရာမလိုဘူး။ ​နေစမ်းပါအုန်း အပြစ်​ရှိလို့ အပြစ်​​ပေးခံရတဲ့ ဒီ ဒဏ်​ရာ​တော့ နာတတ်​တယ်​။ ရန်​ဖြစ်​လို့ ရရင်​ ​ခေါင်းကွဲ လက်​ကျိုး ဒီထက်​ဆိုး မှာ​တော့ မ​ကြောက်​ဘူး​ပေါ့။ ဟမ်​!!!! "

မရ​တော့ဘူး ​ပြောရင်းနဲ့ မာန်​ပါလာပြီ။ ငဂျစ်​ တစ်​ခုခု ဖြစ်​ရင်​ ရင်​ကျိုးရမှာကိုယ်​ပါပဲ။ ဆိုးလိုက်​တဲ့ ငဂျစ်​😒

" ဒီမှာ...အလကားရတိုင်း လာ​ဟောက်​မ​နေနဲ့ ။ ကျုပ်​ က ဖြစ်​စရာအ​ကြောင်းမရှိဘူး။ ခင်​ဗျား သာမဖြစ်​​အောင်​ဆု​တောင်းထား ။ "

မြဲ့ပုံးတစ်​ခုကို ​ပေးကမ်းပြီး ဆိုလာပါ​သောခပ်​ရွဲ့ ရွဲ့  စကားများ။ ဟက်​....ငဂျစ်​ က ကိုယ့်​ကို ​ချောင်းရိုက်​ဖို့ ကြံစည်​​နေ​သည့်​ပုံ ။ ဘယ်​လိုလုပ်​ရမလည်း ငဂျစ်​ရယ်​။ ကိုယ်​က မင်းထင်​သ​လောက်​မနူးညံ့ဘူး ဆိုတာ တစ်​ချိန်​ချိန်​​တော့ သိလာမှာပါ။

* ဒါ​ပေမယ့်​....

ငဂျစ်​အပြုံး​လေးက ချစ်​စရာ​ကောင်းတယ်​။ *

ဟွန့်​....အလကား ဆရာ။ လူကို ​​ခြေ​ထောက်​မကျိုးရုံ တမယ်​ ရိုက်​ပြီး ​​နောက်​မှ သူ့ကို ပြန်​လုပ်​မှာ​ကြောက်​ပြီး လာဖား​နေတာ။ ​သေဖို့သာ ပြင်​ထား ​ခင်​ဗျား ​ခေါင်းကို ရိုက်​ခွဲပြမယ်​။ တစ်​​နေ့​ပေါ့ ။

မြတ်​နိုးလွန်းရပါ​သော က​လေးငယ်​ငယ်​Where stories live. Discover now