Endless..........

1.8K 124 18
                                    

ချစ်ခဲ့တယ် နှလုံးသားနဲ့ရင်းပြီး
လွမ်းခဲ့တယ် နှလုံးသားတစ်ခုလုံးနဲ့
ဒါပေမယ့် နင်ငါ့အနားကထွက်သွားခဲ့တယ်

မေ့ချင်တယ် နှလုံးသားကခွင့်မပြုဘူး
မုန်းချင်တယ် နှလုံးသားကခွင့်မပြုဘူး
နောက်ဆုံးမှာ ငါ့နှလုံးသားကိုထုတ်လို့
နင့်ကို မေ့ပစ်ခဲ့ပြီ
..................
ကျွန်တော်က ရှောင်းကျန့်
တစ်နည်းအားဖြင့် ဝမ်ရိပေါ်ဆိုတဲ့ ကျွန်တော် အမြတ်နိုးရဆုံး လူသားရဲ့ အမုန်းခံယောက်ျား
ချစ်လွန်းလို့ ရအောင်ယူပြီး အရာရာ ပေးဆပ်ခဲ့ပေမယ့် သူ့စီကနေ ကျွန်တော် ပြန်ရခဲ့တာက အမုန်းတွေ
သူ့အတွက် ကျွန်တော်ဆိုတာ သူ့ကို မိဘအရှိန်အဝါနဲ့ ရအောင်ယူခဲ့တဲ့ ရွံစရာ သတ္တဝါ တစ်ကောင်သာ
အခုလည်း သူနှိပ်စက်ထားတဲ့ ဒဏ်ရာတွေကြောင့် ကျွန်တော့်မှာ မနည်းအားတင်းထားရပေမယ့် အသိစိတ်တို့က ဝေဝါးနေပြီ
ညက ရရှိခဲ့တဲ့ ကြမ်းတမ်းတဲ့ ဆက်ဆံမှုတွေကြား ကျွန်တော့်မှာ အလူးအလဲ ခံစားခဲ့ရသည်
သူကတော့ သူ့ဆန္ဒ ပြေပျောက်သွားတော့ ကျွန်တော့်ကို တစ်ချက်တောင် လှည့်မကြည့်ပဲ ကျောခိုင်းအိပ်ပျော်သွားသည်လေ
သန့်ရှင်းပေးဖို့ ဆိုတာ ဝေးစွ နာလားပင် တစ်ချက်မေးဖော် မရ
ကျွန်တော်လည်း နာကျင်မှုဒဏ်တွေကြောင့် ညက အိပ်ပျော်သွားသည်
မနက်မိုးလင်းတော့ သူ့အတွက် မနက်စာပြင်မထားရမလား ဆိုပြီး ရလိုက်ရတဲ့ ကြိမ်ဒဏ်တွေက ညကကြာပွတ်ရာကြောင့် သွေးခြောက်နေတဲ့ ကျောပြင်ပေါ်ကို ထပ်ကြလာသည်
ငါးမိနစ်အတွင်း မနက်စာ ပြင်ပေးဟူသော အမိန့်အောက်မှာ ကျွန်တော်ဟာ အားတင်းရပ်ခဲ့ပေမယ့် အခြေမခိုင်တော့တဲ့ ခြေထောက်တွေဟာ ကြမ်းပြင်ပေါ်ကို ခွေကျသွားသည်
မှတ်မိပါတယ်  မင်္ဂလာဦးညက အကြောင်းအရာတချို့
အစပျိုးခြင်း အလျင်းမရှိ ကြမ်းတမ်းစွာ ဆက်ဆံခံရကာ မေ့မြောသွားတဲ့ မိမိကို ရေနဲ့လောင်းနှိုး၍ သူစိတ်ကျေနပ်တဲ့အထိ ဆက်ဆံခံရခဲ့သည်
လက်ထပ်ခဲ့တဲ့ နှစ်နှစ်တာအတွင်းမှာ သူနှိပ်စက်သမျှ အရာအားလုံး လက်ခံခဲ့သည်
မိမိကို ဘယ်လောက်ထိ မုန်းကာ ရွံကြောင်းပြောသည်
အိမ်ကို မိန်းကလေးပေါင်း မြောက်များစွာ ထည်လဲတွဲလို့ ခေါ်လာပြီး မိမိမျက်စိအောက်တင် ကြင်နာပြနေသမျှကို ရင်နာနာနဲ့ မသိချင်ယောင် ဆောင်ပေးခဲ့ပါသည်
ကျွန်တော်က သူ့အမိန့်ဆို အရမ်းနာခံတတ်တဲ့ ကျွန်တစ်ယောက် သာသာပါပဲ
အခုလည်း သူ့အမိန့်ကို နာခံဖို့အတွက် လဲကျနေရာက အားတင်းပြီး ထပေမယ့် ခြေထောက်က ပြန်ခွေကျသည်
တော်တော်ပျော့ညံ့တာပဲ သူတော့ စိတ်တိုနေပြန်ပြီလား မသိဘူး
ကြိုးစားပြီး ပြန်ထသည် မိမိကြောင့် သူစိတ်ဆင်းရဲ ဒေါသထွက်တာမျိုး မဖြစ်စေချင်
ဟက်.... မဖြစ်စေချင်ပေမယ့် အမြဲတမ်း ဖြစ်နေပေမယ့်ပေါ့
မိမိရဲ့ ဖြစ်တည်မှုကိုက သူ့ကို ဒေါသထွက်စေတဲ့ အရာပဲလေ
သူငယ်ချင်းတွေက ပြောတယ် လက်လွှတတ်လိုက်ပါလားတဲ့ ဘယ်လို အင်အားမျိုးနဲ့ ကျွန်တော်က လက်လွှတ်ရမှာလဲ
ချစ်လွန်းလို့မှ ရအောင်ယူခဲ့ ရတာလေ
လက်လွှတ်ပေးဖို့ဆိုတာ အတွေးထဲမှာတောင် မရှိပါဘူး
"Xiao Zhan.... "
ဟက် ကျွန်တော်ထင်တဲ့ အတိုင်း သူပြန်တက်လာပြီ
ကြည့်ရတာ အမိန့်ကို မနာခံလို့ အပြစ်ပေးဖို့အတွက် ထင်ပါရဲ့ ကျွန်တော် ဘယ်လိုလုပ်ရမလဲ သူ အပြစ်ပေးပြီးတဲ့ အထိ ကျွန်တော် တောင့်ခံနိုင်ပါ့မလား
ဟော.. တံခါးပွင့်သွားပြီ
ကျွန်တော်သိလိုက်ပြီ ကျွန်တော့်ရဲ့ အရှင်သခင် ရောက်လာပြီ
လက်ထဲက ကြာပွတ်ကို မြင်တော့ ပြုံးမိပါတယ် သူကျွန်တော့်ကို အပစ်ပေးတော့မယ်
ဒါပေမယ့် ကျွန်တော့် အသိစိတ်က ဘယ်လိုမှ မရတော့ကျွန်တော့် ခန္ဓာကိုယ်ထဲကနေ ထွက်ချင်လာပြီ
သူ့ကိုကြည့်ကာ တောင်းပန်စကား ပြောပြီးတော့ ကျွန်တော့ကမ္ဘာလည်း အမှောင်တွေ ဖုန်းသွားခဲ့ပါပြီ
"တောင်းပန်ပါတယ် ရိပေါ် ငါနိုးလာမှပဲ မင်းပေးတဲ့ အပြစ်ကို ခံယူပါ့မယ်"

Endless......Nơi câu chuyện tồn tại. Hãy khám phá bây giờ