Endless........ (final)

1.2K 117 7
                                    

Endless

*အပုန်းကောင်းတဲ့ မင်းကို
ကိုတွေ့အောင် ရှာမယ်
တွေ့တဲ့ အချိန်မှသာ ကို့ကို ထပ်ပြီး ထားမသွားပါနဲ့*

နှစ်လ နှစ်လရှိပြီ မင်းကို့စီက ထွက်သွားခဲ့တာ ဘေကျင်းတစ်မြို့လုံး ရှာတာလည်း နှံ့နေပြီ
မိန်ဟွာကိုလည်း US ကို မသွားခိုင်းသေး ကလေးကို ရှာတွေ့ရင် ရှင်းပြဖို့အတွက် သူ့ကို ကလေးကို ပြန်ရှာတွေ့တဲ့အထိ နေခိုင်းထားသည်
ကလေးမရှိတော့ သူအလုပ်ထဲကို အာရုံနှစ်လို့မရတော့
အလုပ်ကို အတွင်းရေးမှူး ကျိရန်နဲ့ပဲ လွှဲထားလိုက်သည်
သူကတော့ ကလေးကို လိုက်ရှာတဲ့ ကိစ္စမှာပဲ အာရုံစိုက်ထားသည်

အခုလည်း သူ မိန်ဟွာနဲ့ နယ်ဘက်ကို ရောက်နေခြင်း ကလေးက ဒီလို အေးချမ်းတဲ့ နေရာလေးတွေကို ကြိုက်တယ်လေ
ကားမောင်းနေရင်း ဖုန်းသံကြားတာကြောင့် ကြည့်လိုက်တော့ သူ့လူယုံ ရန်ချင်းစီက
ကျိရန်နဲ့ ရန်ချင်း နှစ်ယောက်လုံးက သူယုံကြည်ရတဲ့ လူတွေ
ကျိရန်ကို ကုမ္ပဏီ ကိစ္စတွေ စီစဉ်ခိုင်းပြီး ရန်ချင်းကိုတော့ သူနဲ့အတူ ကလေးကို လိုက်ရှာခိုင်းထားခြင်း
ကားကို လမ်းဘေးရပ်ကာ ဖုန်းကို ပြန်ဖြေလိုက်သည်

"hello ရန်ချင်း ဘာထူးလဲ"
"boss သခင်လေးကို တွေ့ပါပြီ"
"ဘာ.... လိပ်စာပြော ငါ့ကို ငါအခုလာခဲ့မယ်"
"............ " ပါboss"

ရိပေါ်လည်း ရန်ချင်းပြောတဲ့ နေရာစီကို အမြန်မောင်းလိုက်သည်
သူတို့ရောက်နေတဲ့ နေရာနဲ့ ကလေးရှိတဲ့ နေရာကို ရောက်ဖို့အတွက် နာရီဝက်လောက် မောင်းလိုက်ရသည်
ဟိုရောက်တော့ တွေ့လိုက်ပါပြီ သူရဲ့ကလေး
ခြံထဲမှာ ပန်းအိုးတွေကို ဟိုရွှေ့ဒီရွှေ့နဲ့ အလုပ်တွေ ရှုပ်နေသည်
*ကလေးရာ လက်တွေ နာကုန်တော့မှာပဲကွာ*

သူလည်း ဆက်မကြည့်နိုင်တော့ဘဲ ကလေးရှိတဲ့စီကို လှမ်းသွားလိုက်သည်
လူဝင်လာလို့ လှည့်ကြည့်တဲ့ ကလေးက မိမိကိုတွေ့တော့ အံ့သြသွားတဲ့ ပုံနဲ့ မျက်လုံးပြူးသွားပုံလေးက ချစ်စရာ
တစ်စိတ် ကလေး ပိန်သွားတယ် အရင်က ပါးဖောင်းဖောင်းလေးတွေ မရှိတော့ဘူး

"ဝမ်ရိပေါ် မင်း ဘယ်လိုလုပ်........ "
"ကလေး.... ကို ကလေးကို လိုက်ရှာနေတာ အခုမှ အခုမှပဲ ပြန်ရှာတွေ့တော့တယ် ကို.... ကိုဘယ်လောက်တောင် လွမ်းခဲ့ရလဲ"
ရှောင်းကျန့် မိမိကို ကလေးဟုခေါ်ကာ ပြေးဖက်လာတဲ့ ဝမ်ရိပေါ်ကြောင့် ကြောင်အစွာ နေရာမှာတင် ရပ်နေမိသည်
ပြီးတော့ သူပြောတဲ့ စကားတွေကြောင့်လည်း ပါတယ်
သတိဝင်လာလို့ ပြန်တွန်းထုတ်မယ် လုပ်ပေမယ့် ပုခုံးပေါ်က စိုစွတ်တဲ့ ခံစားချက်ကြောင့် သူငိုနေတာမှန်း ခံစားလိုက်ရသည်
*အမ် သူငိုနေတာ ဟုတ်လား အမှန်ဆို ငါမရှိလို့ သူပျော်ရမှာ မဟုတ်ဘူးလား*
" ဝမ်ရိပေါ် ငါ့ကို လွှတ်စမ်း ဝမ်ရိပေါ်..... "
"ခဏလေး..... ခဏလေး ကလေးပါ ကလေးရယ် ခဏလေးပါ"
"လွှတ်...... လွှတ်ပြီးပြော... ငါအသက်ရှူကြပ်နေပြီ"

You've reached the end of published parts.

⏰ Last updated: May 12, 2020 ⏰

Add this story to your Library to get notified about new parts!

Endless......Where stories live. Discover now