ep~~2

24.1K 2.6K 281
                                    

#Unicode
Kim စံအိမ်ကြီးရှိ ဟောခန်းကျယ်ကြီးထဲတွင် အမျိုးသားများ တန်းစီကာ ထိုင်စောင့်လျက်ရှိသည်။
အကြောင်းရင်းက ဒီအိမ်ကြီးရဲ့ အရှင်သခင် ကင်မ်သူဌေးကြီးမှ ကိုယ်ရံတော် အလိုရှ်ိသည် ဟု.... ကြော်ငြာထားသာကြောင့် လာရောက်လျှောက်ထားသူတွေ ပြည့်နှက်နေခြင်းပင်။
အခန်းတစ်ခုထဲတွင်တော့ ကင်မ်သူဌေးကြိီးနဲ့ သူ့၏သားဖြစ်သူ ဆော့ဂျင် တို့က လူတွေ့မေးမြန်းခြင်းများကို ပြုလုပ်နေပြီး.....
အခုထိ  အင်တာဗျူးဖြေတဲ့သူတွေထဲမှာ...စိတ်တိုင်းကျမိသူ တစ်ယောက်မှရှိသေး....

"အဖေ ဒီပုံတိုင်းဆို ငယ်လေးအတွက် ကိုယ်ရံတော် ကောင်းကောင်း ရပါ့မလား"

ဆော့ဂျင် စကားစမိတော့ အဖေဖြစ်သူက

"အကုန်ပြီးပြည့်စုံတဲ့သူ ရတဲ့အထိ ရှာရမှာပဲ...ယောင်းငယ်က ငယ်သေးတယ်လေပြီးတော့ သူ့အကြောင်း လည်း သားသိနေတာပဲ..."

အခုလာလျှောက်သမျှလူတွေက အရင်လူတွေ ပုံစံမျိုးချည်းပဲ....ဒီလိုပုံစံတွေချည်းပဲဆို ထယ်ယောင်းအတွက် အဆင်မပြေနိုင်ပါ.....
သူ့ရဲ့သားငယ် ဆိုးတာကို ခံနိုင်မယ့်သူ တစ်ယောက်မှ မရှိခဲ့တာမို့...ဒီတစ်ခေါက်တော့ သေချာလေး ရွေးချယ်ချင်မိသည်။
ယောင်းငယ်က ကိုယ်ရံတော်တွေကို သူနည်းနည်း စိတ်တိုင်းမကျတာနဲ့ ...တန်းပြီး အလုပ်ဖြုတ်ပစ်တက်တာ....
အပြစ်မလုပ်မိသူကိုတောင် တခါတလေ သူခိုင်းတာ မလုပ်ပေးလို့ ဆိုပြီး အကြောင်းမရှိအကြောင်းရှာကာ ထုတ်ပစ်တက်သည်။

သူခိုင်းတာလည်း ကြည့်အုန်း.....သူများခြံထဲက သရက်သီးကိုမှ စားချင်တယ်ဆိုပြီး....အတင်းခူးခိုင်းတယ်...
ဟိုက မလုပ်ပါရစေနဲ့ ပြောတော့ သူ့ကို မလေးစားတာလား...အလုပ်ပြုတ်ချင်နေတယ်ပေါ့လေ ဆိုပြီး ခြိမ်းခြောက်သေးတာ..
ကိုယ်ရံတော်က ကြောက်လို့ ခြံထဲ ခိုးဝင်ပြီး ကိုယ်ရံတော်က ခြံထဲ လည်း
ရောက်ယော....
အပြင်ကနေ သူခိုးဆိုပြီး သူက အော်ပြေးပါလေယောလား....
ခြံထဲက ကိုယ်ရံတော် ခမျာ
နေရင်းထိုင်ရင်း သူခိုးဖြစ်လို့ အတော်လေး ရှင်းယူလိုက်ရတယ်လေ...
အဲ့သလောက်ကို မွှေသော ယောင်းငယ်ရယ်ပါ။

Love Bodyguard❤(completed )Where stories live. Discover now