ep29💜🌟

2.5K 143 0
                                    

အဲ့သလိုအချိန်တွေဖြည်းဖြည်းကုန်လွန်လာလိုက်တာ

8လခန့်ကြာ‌သော်

ဝေ့ရင်းတစ်ယောက် ဥယျာဉ်ထဲမှာလမ်းလျှောက်နေရင်း နောက်ဘက်ကခါး‌လေးကိုလှမ်းဖက်တာကြောင့် နောက်လှည့်ကြည့်လိုက်တော့

ဝေ့ရင်း "ဟင် လန်ကျန့် ညီလာခံကပြီးဘီလား "

လန်ကျန့် "အွန်းပြီးပြီ ကိုယ့်ရဲ့ ချစ်ဇနီးလေးဘာလုပ်နေလဲဆိုပြီး လာကြည့်တာ"

ဝေ့ရင်း "အော် ဝေ့ရင်းလည်း ထိုင်ရတာညောင်းလာလို့ လမ်းထွက်လျှောက်တာ ဗိုက်ကလည်းတော်တော်ထွက်နေပြီလေ နေရထိုင်ရတာသိပ်အဆင်မပြေတော့ဘူး"

လန်ကျန့် "အွန်းနော် ဝေ့ရင်းရဲ့ ဗိုက်လေးက တော်တော်ပူနေပြီ ဒါပေမဲ့ ပုံမှန်ထက်ပိုပူနေသလားလို့"

ဝေ့ရင်း "အွန်းဟုတ်တယ်နော် ပုံမှန်ထက်ပိုပူနေတယ် "

‌လန်ကျန့် "အမြွှာဗိုက်လေးလားမသိဘူး အမြွှာလေး‌ဆိုတော့ ကောင်းတာပေါ့"

ဝေ့ရင်း "အမြွှာဆိုတော့ နှစ်ယောက်လုံးအဖော်ရတာပေါ့ ဝေ့ရင်း ညောင်းလာပြီပြန်ရအောင်"

လန်ကျန့် "အွန်းပြန်မယ်လေ ကိုချီသွားရမလား ‌ဝေ့ရင်းညောင်းနေရင်"

ဝေ့ရင်း "ရပါတယ် ကို လေးနေမှာပေါ့ ဝေ့ရင်းက အရင်လိုပေါ့ပေါ့ပါးပါးမှမဟုတ်တော့တာ"

လန်ကျန့် "ကိုယ့်ကိုယုံတယ်မလား ကိုကပးအားရှိပါတယ်ကွ"

ဝေ့ရင်း "ယုံတယ်ပါ အဲ့ဆိုချီတော့ "ဆိုပြီး လက်ဆန့်ပေးလေသည်။

လန်ကျန့် "ကောင်းပါပြီဗျာ "

အဲ့လိုနဲ့ ကိုယ်၀န်သည်‌မိဖုရားလေးကို ချီလာတဲ့ မင်းကြီးတို့ရဲ့ မြင်ကွင်းက လူအများကို ကြည်နူးစေသည်။

မိဖုရားကြီး ကိုယ်၀န်စဆောင်တည်းကတိုင်းပြည်ကလည်းသိသိသာသာ စိုပြည်လာပြီး ဖွံ့ဖြိုးတိုးတက်လာတယ်။

အကုန်လုံးကလည်း အကျိုးပေးတဲ့ နန်းဆက်လေးဆိုပြီးချီးမြှောက်ကြတယ်။

လန်ကျန့် "ဝေ့ရင်းဟာလေ ကိုယ်၀န်စဆောင်တည်းက ၀လာပေမဲ့လည်းတစ်ဖြည်းဖြည်းချစ်ဖို့ကောင်းလာလိုက်တာ ကိုယ်၀န်သည်လေးလို့တောင်မထင်ရက်စရာ ချစ်လိုက်တာဝေ့ရင်းရယ်ဆိုပြီး" နှစ်ခြိုက်စွာအိပ်‌ေနတဲ့‌ေ၀့ရင်းရဲ့နဖူးလေးကို ဖွဖွလေးအနမ်းပေးပြီး ဘေးတွင်၀င်လှဲပြီး ခါးလေးကိုဖက်အိပ်လိုက်တယ်။

သိပ်ချစ်ရသော မျက်နှာဖုံးရှင်လေး(Completed)Where stories live. Discover now