Chapter 15 ( Unicode)

14.2K 1.2K 42
                                    

လွှမ်း ရှောင်လွှဲလို့မရတော့တဲ့အချိန်ကို ရောက်လာပြီ။ မနက်ဖြန် ကျောင်းပြန်ဖွင့်ပြီ။ စိတ်ညစ်ညစ်နဲ့ report card ကို ဖေဖေ့အလုပ်ခန်းထဲမှာ သွားထား ပေးပြီးမှ ညနေတစ်ပိုင်း ကျူရှင်ပြန်တက်ရန် အိမ်က ထွက်လာလိုက်သည်။

"ချစ်ရိပ်လွှမ်းရေ! အခြေအနေကောင်းလား၊ ရိုက်ခံထိပြီးပြီလား"

"အာနိုး သောက်ကျင့်ကို ယုတ်တယ်၊ အခုရောက်မှ ရိုက်ခံထိမှာ၊ ဖေဖေ့ကို အခုထိ မပြရသေးဘူး"

"ဒီတစ်ခါ အိမ်ပြန်ရောက်ရင် ရိုက်ခံထိပြီပေါ့၊ သနားပါတယ် ငါတို့လွှမ်းလေး"

"ဖြစ်ပြန်ပြီ၊ တတ်လည်းတတ်နိုင်တယ်"

"မင်းကျောပြင်လေးကို ငါက ဖွေးဖွေးဖြူဖြူလေး ဖြစ်စေချင်တာ၊ မင်း တစ်ကိုယ်လုံးက ဖွေးဥနေတာကို"

"အဲ့ဒါ ဖေဖေ့သွားပြောလေ၊ သူရိုက်နေလို့ ငါလည်း မဖွေးနိုင်တော့တာ"

"ငါလည်း မပြောရဲဘူး၊ အန်ကယ်က မျက်နှာကြီးကို သုန်မှုန်နေတာပဲ၊ ငါကြောက်တယ် လွှမ်းရ"

"သူငယ်ချင်းအတွက်ဆိုရင် သတ္တိက အဲ့ဒီလိုကောင်းနေ"

"ဟီးဟီး"

လွှမ်းနှင့်အာနိုး ကျူရှင်မှာ စာမသင်သေးခင်အချိန်လေး အဲ့ဒီလိုပွားကြသည်။ ဆရာဝင်လာတော့ စာလုပ်ကြသည်။ နောက်ထပ် ၃ လဆိုရင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေရမည်။ လွှမ်းလို ရည်မှန်းချက်အပြည့်နဲ့ ကောင်လေးသည် ကျူရှင်ချိန်မှာလည်း စာကို ကြိုးကြိုးစားစား သင်ယူသည်။

"လွှမ်းရေ သားကြီး Fighting"

"အင်း"

"လွှမ်းရေ .. အားဂျာ"

"အင်း"

"အဲ့ဒါဆို သွားပြီနော်၊ မနက်ဖြန် ကျောင်းမှာ ပြန်ဆုံမယ်"

"အင်း"

ညနေကျူရှင်ချိန် ကုန်ဆုံးသွားချိန်မှာ အာနိုးနှင့်ကစ်ကစ်က လွှမ်းကို အားပေးကြသည်။ လွှမ်း အိမ်ပြန်ရောက်လာချိန်မှာ အိမ်ထဲကို တိတ်တိတ်ဆိတ်ဆိတ် ဝင်လာလိုက်သည်။

"သားလွှမ်းလေး ပြန်လာပြီလား "

"ဟုတ် မေမေ"

ဗင်ဒါလေးရဲ့မူပိုင်ရှင် [Completed]Where stories live. Discover now