part 20

7K 662 100
                                    

Unicode

အခန်းတံခါးဆီကို ရောက်လာတဲ့ Dr.နဲ့ သူ၏လက်ထောက် Nurse နှစ်ယောက်ကို Jungkook တို့မမြင်ပါ ။

ဘယ်မြင်မလဲ သူတို့ရဲ့ အပျံစား ဝတ်စုံကြီးများကြောင့် ထိုင်မရ ထမရတွေဖြစ်နေကြတာပေါ့။ ထိုအရာက အ​ကြောင်းမဟုတ်သေး။ Namjoon ကောက်ညှင်းထုတ်ကို ဝိုင်းဖြဲပေးနေရတာက မှ တကယ်အကြောင်း။

Jm " Hoseok ရေ မင်းအဲ့ဘက်က ဆွဲမှ ရမှာ

Hs " အမလေး ငါ... ဆွဲနေတယ်ဟ အိုက်ဂူးးးး ဒီကောင်ဘယ်လိုများ စွတ်လာတာတုန်း

Joon " ဖြေးဖြေး...အ့... အားးးး ငါသေတော့မယ်ကွ

ဖြစ်ပျက်နေပုံမှာ လူနာကုတင်ပေါ်တွင် မတ်တပ်ရပ်ကာ Namjoon အကျီအား ခေါင်းမှ ဆွဲချွတ်ပေးနေရသော Jimin နဲ့ အောက်ကနေ တွန်းတင်နေရတဲ့ Hoseok တို့ ကြား Namjoon တယောက် အမဲဖြတ်ခံနေရတာပါ ။ သုံးယောက်ထဲကမ္ဘာပျက်နေတဲ့ နားကိုတော့
Jungkook တို့ယောင်လို့တောင် ​ခြေမချ ။

​ခြေချရအောင်လဲ လက် မအားသေး ။ စီးလာတဲ့ ဖန်ဖိနပ်ကြောင့် ကြွက်တက်နေလို့ နှိပ်နေရတယ်လေ ။ Seok Jin ကိုလဲ မကြည့်​လိုက်ပါနဲ့ ။

Belle Jin မအား Belle Jin စားနေသည် ။
ဝတ်ထားတဲ့ ဂါဝန်ကြီးကို ဒူးထိ လိပ်တင်ကာ ခုံပေါ်တွင်အကျအန ထိုင်၍ ဝမ်းဗိုက်တော် ဖြည့်နေရသည် ။

Jm " Jungkook ရေ ကူပါအုန်း ဒီမှာ.... အရမ်း ကြပ်နေလို့ မရဘူးးး

Jk " .......
အာရုံမရနေသော Jungkook

Hs " Yoongi ရေ!

ခူးးးးးး ခေါ.........ခူးးးးးး ဖူးးးးး

ဟောက်သံများဖြင့် အချက်ပေးနေသော Min Yoongi ကို လှည့်ကြည့်စရာမလို ။ ဆံပင်တုကိုတောင် စောင်လုပ် ခြုံပီးအိပ်နေတဲ့ ဂြိုလ်သား ။

Hs " အော် အားကိုးရတဲ့သူငယ်ချင်းကောင်းလေး

Joon " ရတော့မှာလား ငါ အသက်ရှူ ကြပ်နေပီ ကွ

Hs " အဘရယ် ငါတို့လဲ ချွေးတင် မဟုတ်ဘူး သေးပါထွက်တော့မယ် စိတ်ရှည်စမ်းပါ

Joon " Taehyung.... Kim Taehyung ငါ့ကိုလာကူပေးပါအုန်းကွာ

Th " ငါ ထ မရဘူး

Hs " မင်းက ဘာလုပ်နေလို့လဲ?

Th " ဘာမှ မလုပ်ဘူးလေ

No Reason || 𝕮𝖔𝖒𝖕𝖑𝖊𝖙𝖊 ||Where stories live. Discover now