Chapter 1 [U]

39.2K 3.2K 97
                                    

ငါ့ ယောကျာ်းက ငါ့ကို သတ်ချင်နေတယ် ထင်တယ်။

ငါ့ဘာငါ Gas အိုးပိတ်ဖို့ မေ့ခဲ့သည်ဖြစ်စေ၊ ရေချိုးပြီးအထွက် ရေချိုးခန်းတံခါး လော့ကျနေတာကို သိလိုက်ရသည်ဖြစ်စေ ဖြစ်သမျှအရာအရာတိုင်းက သူငါ့ကိုသတ်ချင်နေတယ်လို့ ခံစားနေရတယ်။

ငါတို့ဟာ ၇နှစ်ကြာလက်တွဲခဲ့တဲ့ လိင်တူစုံတွဲဖြစ်တာနဲ့အညီ ငါသူ့အပေါ်သံသယဝင်တာ မဖြစ်သင့်ဘူးဆိုတာ ငါ့ကိုယ်ငါ သိတယ်။ ငါတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးဟာလည်း တကယ်ကို တည်ငြိမ်ပြီး သူကလည်း ငါ့အပေါ်အရမ်းကောင်းပင်မဲ့လည်း သူငါ့ကိုတကယ်သတ်ချင်နေတာ လို့ ငါထင်တယ်။

အထူးသဖြင့် ဒီညနေခင်း လမ်းလျှောက်ထွက်ချိန်
ငါတို့ လမ်းအေးဆေးလျှောက်နေတုန်း သူ့ဘက်ကနေ
ပြီး ရုတ်တရပ် ငါ့လက်ကို အားနဲ့ဆွဲချလိုက်တဲ့အတွက် ငါချော်လဲပြီး ကြမ်းပြင်နဲ့ ငါ့ခေါင်း မိတ်ဆက်မလိုတောင် ဖြစ်သွားသေးတယ်။
ငါပြန်ထလိုက်တဲ့အချိန်မှ ကြမ်းပြင်မှာ ခိုင်မြဲစွာ စိုက်ထူနေတဲ့ သံချောင်းတစ်ချောင်းကို တွေ့လိုက်ရတဲ့အပြင် အဲ့သံချောင်းက ငါ့ခေါင်းမိတ်ဆက်မလိုဖြစ်သွားတဲ့ နေရာမှာတိုက်ရိုက် တည်ရှိနေတယ်ဆိုတာ ငါသိလိုက်ရတယ်။

သူကတော့ သူတကယ်ကို မရည်ရွယ်ခဲ့ပါဘူးလို့ပြောတာဘဲ။
ငါတော့ သူ့ကို လုံးဝ မယုံဘူး။

အဲ့အဖြစ်အပျက်အပြီး ညဖက် အိပ်ယာပေါ်လှဲလျောင်းနေကြပင်မဲ့ အိပ်မရဘဲ ငါအဲ့အကြောင်းတွေ တွေးနေမိတာကို မရပ်တန့်နိုင်ခဲ့ဘူး။
ငါလည်း ညောင်းတာမို့ ရုတ်တရပ် ငါ့ယောကျာ်းဘက် လှည့်လိုက်ချိန် အခုချိန်အိပ်မောကျနေသင့်တဲ့ သူက မျက်လုံးကြီး ပွင့်ပြီး ငါ့ကို စိုက်ကြည့်နေတာ တွေ့လိုက်ရတယ်။ သူအနေနဲ့ မည်သို့သော အမူအရာမျှ မျက်နှာပေါ်မှာ ရှိမနေပင်မဲ့ သူ့နှုတ်ခမ်းနှစ်လွှာကတော့ ခပ်တင်းတင်းစေ့ထားတယ်။ သို့ပင်မဲ့လည်း သူ့ရဲ့မျက်လုံးတွေက ပွင့်နေတယ်ဆိုတာ မြင်လိုက်ရတဲ့အချိန် ငါ့တစ်ကိုယ်လုံး သွေးတွေ ပြောင်းပြန်စီးဆင်းသွားသလိုဘဲ။

သူငါ့ကို ဘယ်အချိန်ထဲက စိုက်ကြည့်နေတာလဲ။

ငါ့ကို အရင်ထဲက စိုက်ကြည့်နေခဲ့တာလား။

ငါတကယ်ကို မသိချင်ဘူး။

➖➖➖➖➖➖➖➖➖➖➖➖➖➖➖

ဒီနေ့တော့ ငါပိုသေချာသွားခဲ့တာက ငါတို့နှစ်ယောက် ရုပ်ရှင် အတူသွားကြည့်တဲ့အချိန် သူခါတိုင်းပြုံးပြနေ
ကြ နူးညံ့တဲ့အပြုံးလေးနဲ့ ငါ့ကိုကြည့်ရင်း

""ကိုယ် မင်း ကိုလာ ကြိုက်တယ်ဆိုတာ သိလို့ဝယ်လာတာ"" လို့ ပြောပြီး ကိုလာဗူးလှမ်းပေးတယ်။

ငါမှတ်မိသေးတယ်။ တစ်ခါက ငါစာရေးနေတုန်း သူ့ကို ငါပြောပြခဲ့ဖူးတယ်။ အကယ်၍များ မင်းသာ အဆိပ် (ဒါမှမဟုတ်) ဆေး တစ်ခုခုနဲ့ လူတစ်ယောက်ကို သတ်ချင်တယ်ဆို ကိုလာက အကောင်းဆုံး ရွေးချယ်မှုဘဲ။ ဘာလို့လဲဆိုတော့ ကိုလာရဲ့အနံ့ပြင်းပြင်းက အဆိပ်ရဲ့ ရနံ့ကို ကောင်းကောင်း ကာဗာ လုပ်ပေးနိုင်တယ်လေ။

ပြီးတော့ ...ငါကတစ်ခါမှ ကိုလာမသောက်ဖူး။

ငါ မယူဘဲတုံ့ဆိုင်းနေတာလည်းတွေ့ရော ပြုံးနေလျက်နဲ့ဘဲ

"" ဘာလို့ မယူတာလဲ?"" လို့ ဖိအားပေး မေးပြန်တယ်။ အဲ့တော့မှ ငါလည်း သူ့လက်ထဲက ကိုလာဗူးကို ယူလိုက်ပြီး မတော်တဆ လက်ချော်သွားဟန်နဲ့ လွှတ်ချပလိုက်တယ်။ အဲ့ခဏလေးအတွင်းမှာဘဲ သူ့မျက်နှာမည်းသွားတာငါသတိထားလိုက်မိပင်မဲ့ ချက်ချင်းသူက နဂိုမျက်နှာထားပြန်ဖြစ်သွားတယ်။

ငါတို့နှစ်ယောက်စလုံး ရုပ်ရှင်ကြည့်နေကြပင်မဲ့ ဘယ်သူမှ စိတ်မပါကြဘူး။ သူကတော့ပြုံးနေပင်မဲ့ သူ့ကြည့်ရတာ ငါကိုလာဗူးလွှတ်ချလိုက်တာကို မုန်းနေတဲ့ပုံဘဲ။

ငါကတော့ သူသတ်တာခံမှာ မဟုတ်ဘူးဆိုတာ လုံးဝ
သေချာတယ်။

T/N
ဒီ Novel မှာ ပါတဲ့ အပိုင်း တွေကိုက တိုတာပါ။
ဒါပေမဲ့လည်း အပိုင်း ၃၀ ကျော်တဲ့အပြင် တကယ်ကို ဖတ်လို့ကောင်းတဲ့ ဝတ္ထုတစ်ခုဖြစ်တာမို့ ဘာသာပြန်ရ
ခြင်းဖြစ်ပါတယ်။




ငါ့ယောကျာ်းက ငါ့ကို သတ်ချင်နေတယ်Where stories live. Discover now