Jinတစ်ယောက်ညကအရှိန်‌ကြောင့် တစ်ကိုယ်လုံးကိုက်ခဲနေသည်
ဒါကြောင့် ကျောင်းမတက်နိုင်ကြောင်း Sugaကိုခွင့်တင်ခိုင်းပြီးအိပ်ယာပေါ်ပြန်လှဲနေလိုက်တယ်

သူ့အနီးနားမှာရှိတဲ့ Vampire ကိုကြည့်ရင်း

"မင်းငါ့ကိုဘာလို့မသတ်တာလဲ"

"မင်းကသေချင်လို့လား"

"အခုထက်စာရင်သေသွားတာမှကောင်းဦးမယ်"

"ငါမင်းကိုသတ်လိုက်ရင်ငါဘယ်တရားပါ့မလဲ မင်းကငါ့ကိုကယ်လာတာလေငါသတ်ရင်မတရားဘူးထင်တယ်"

"အမယ်လေးဒါကျသိသေးလို့နော်...
ခင်ဗျားအခုလိုလုပ်ပုံမျိုးနဲ့ကျတော်အသက်ရှည်မှာမဟုတ်ဘူး"

"ငါလည်းသွေးမသောက်ပဲနေချင်ပါတယ်ဒါမယ့်ငါအသက်ဆက်ဖို့ခက်ခဲတယ်လေ...သွေးမသောက်ရတဲ့အခါကျရင် ငါကလူမမာကြီးလို အားအင်တွေကုန်ဆုံးလာပြီး လမ်းတောင်မလျှောက်နိုင်တော့ဘူးလေ"

"မင်းကိုခေါ်လာတဲ့နေ့ကသွေးမသောက်ရလို့
ဖြစ်နေတာပေါ့?"

"အွန်း...အဲ့လိုမ‌မသောက်ပဲအကြာကြီး နေရင်အားနည်းတယ်ဆိုတာထက် အရိုင်းစိတ်တွေဝင်လာတယ် တွေ့သမျှလူကိုသတ်ဖြတ်ချင်နေတာမျိုးပေါ့"

"ငါမင်းကိုကူညီမှာပါမင်းသာသွေးမသောက်ချင်ဘူးဆိုရင်ပေါ့ ဘယ်လိုလဲ သဘောတူလား"

Taeကတကယ်တော့ Vampireတစ်ကောင် မဖြစ်ချင်တာမို့သူတို့ရဲ့ကျင့်ဝတ်တွေကိုဆန့်ကျင်ခဲ့ပြီးသူ့တိုင်းပြည်ကနေထွက်ပြေးတိမ်းရှောင်လာတာပါသူကလူသားတစ်ယောက်လိုသနားကျင်နာတတ်ပါတယ်
အထူးသဖြင့်"အချစ်"ဆိုတဲ့အရာကိုတွေ့ရှိချိန်မှာတော့ပိုလို့တောင်ကောင်းမွန်လာပါတယ်

ဆော့ဂျင်သူတတ်ကျွမ်းတဲ့ဆေးပညာရပ်ဘက်ကနေတတ်နိုင်သလောက်ကူညီပေးရှာတယ်

"Sam ဟိုနေ့ကThe blood of Vampire စာအုပ်လေးကိုငှားချင်လို့ပါ"

"ကောင်းပြီလေ Samကတော့မအားလို့အိမ်ကိုလာယူလိုက်ပါလား"

"အ့ဆိုကျတော်လာယူလိုက်ပါ့မယ်"
Taeလေးကိုတကယ်ကူညီချင်တာပါဒါကြောင့် ကျတော်မတုံ့မဆိုင်းဘဲလုပ်လိုက်တာပါ
Taeကလည်းကူညီပေးရှာပါတယ်
သူ့ရဲ့စိတ်ကိုထိန်းချုပ်နေတာအခုဆိုသွေးမသောက်တာ သုံးရက်ရှိနေပါပြီ
ဒါမယ့်သူ့ကိုကြည့်ရတာအဆင်ပြေနေတဲ့ပုံတော့မပေါ်ဘူး အရမ်းကြီးသောက်ချင်လာတဲ့အခါ ဘေးရှိပစ္စည်းတွေရိုက်ကွဲ နံရံတွေကိုခေါင်းတွေနဲ့ဝင်ဆောင့်လို့ဆောင့်နှင့်ပင်
ကျတော်လည်းစိတ်မကောင်းပါဘူး
သွေးမသောက်ပဲနေနိုင်ဖို့သွေးသောက်စရာမလိုပဲသွေးပြည့်စေနိုင်တဲ့ဆေးကို နေ့မအိပ်ညမအိပ်ဖော်စပ်နေပါသော်လည်းသူ့ပညာနဲ့တင်မရနိုင်ပေ

The Vampire Boy-Taejin[Complete]Where stories live. Discover now