O N E

169 19 5
                                    

ဖြောင်းးး!!!!! ဖြန်းးးးး!!!

မိန်းမယုတ် မင်းက ကျက်သရေကို မရှိဘူး
မင်းအကျင့်ကိုက ခွေးဇာတ်ခင်းတာ
ဟင်  မင်းခွေးဇာတ်ခင်းတာ ပျော်ရဲ့လား
ထိုမိန်းမရဲ့ ဆံပင်ကို အရင်းကနေ ဆောင့်ဆွဲပြီး တရွတ်တိုက် ဆွဲခေါ်လာခဲ့သည့် လူကြီး
ထိုမိန်းမလည်း နာကျင်စွာ ငိုကြွေးရင်း ထိုလူကြီး ခေါ်ဆောင်ရာသို့
အဆက်မပြတ် ပါးစပ်က ညစ်ညမ်းသောစကားများဖြင့်ကျိန်ဆဲလိုက် ရိုက်လိုက်လုပ်နေသော ထိုမြင်ကွင်းအား ရှစ်နှစ်အရွယ် ကောင်လေးတစ်ယောက်သည် နာကျင်စွာ ငိုကြွေးရင်း ကြည့်နေမိသည်။

" Appa မေ့မေ့ကို မရိုက်ပါနဲ့တော့
မေ့မေ့မှာ အပြစ်မရှိပါဘူး
မေ့မေ့ကို နာအောင် မလုပ်ပါနဲ့တော့
Appaaaaa!!!! "

"သားလေး တိတ်တော့နော်
လွယ်လွယ်လေးနဲ့ မျက်ရည်မကျရဘူးလို့ သားကို မေမေပြောဖူးတယ်လေ
မေမေ့ကို ချစ်ရင် သားလေး မငိုနဲ့တော့နော်
မေမေ့ရဲ့ Yoongi လေး မငိုရဘူးနော်
မေမေ အဆင်ပြေတယ်
သားလေး အခန်းထဲမှာသွားနေနော်
Yoongi လေးကိုလေ မေမေ အရမ်းချစ်တယ် သိလား ''

သွေးသံရဲရဲ ဆံပင်တွေဖွာလန်ကျဲနေရာမှ ကျနော့်ကို နွေးထွေးစွာ ပြုံးပြပြီး ကျနော့်နဖူးလေးကို မေမေညင်သာစွာ နမ်းလိုက်သည်၊
မေမေ့စကားကို နားထောင်ပြီး အပေါ်ထပ်က ကျနော့်အိပ်ခန်းလေးဆီကို ပြေးသွားပြီး ဘာမှလည်းမတတ်နိုင်သောကြောင့် ငိုကြွေးနေမိသည်။

Appaက ဘာလို့ မေမေ့ကို ရိုက်တာလဲ???
အရင်တုန်းက မေမေ့နဲ့ ကျနော့်ကို အရမ်းချစ်တဲ့ Appaက ဘယ်ရောက်သွားတာလဲ??
ကျနော်တို့ကို Appa က မချစ်တော့ဘူးလား??

Ommaaa!!!!!
တောက်စ်  ငါဒီအိမ်မက်ကို မက်ပြန်ပြီလား??

ချွေးတွေစိုရွဲနေကာ Min Yoongi တစ်ယောက်နိုးလာသည်။
နာရီကို ကြည့်မိတော့ မနက်ငါးနာရီ
ပြန်လည်း မအိပ်ချင်တော့တာကြောင့်
ညက မပြီးသေးသော
အလုပ်များကိုသာ ဆက်လက်လုပ်လိုက်သည်။
Min Yoongi အလုပ်ကြိုးစားသည်။
အလုပ်နဲ့ တစ်နေကုန် လုံးပန်းနေသော Yoongi သည်
နားချိန်တောင် မပေးပဲ လုပ်ခဲ့သည်။
ကိုးရီးယားနိုင်ငံရဲ့ Top 5 စာရင်းဝင်အသက်အငယ်ဆုံး
စီးပွားရေး လုပ်ငန်းရှင်မှာ Min Yoongi ဟု ဖြစ်လာသည်အထိ သူအလုပ်ကြိုးစားခဲ့သည်။
အခုဆို Yoongi အသက်သည် 26ရှိနေပြီဖြစ်သည်။

G R I E V A N C E Where stories live. Discover now