Part*22*

17K 2.3K 156
                                    

'ဘယ်လိုဖြစ်လို့ မင်းက !'

ဒီစကားစုကို နှစ်ယောက်စလုံးက တပြိုင်နက်တည်း ဆိုမိတယ် ။

'အာ ငါက ဒီအိမ်ကို လာပြီး လက်စသတ်တာလေ! ပါးက ငါ့ကို သိပ်မကြည်တော့ မားဆီသွား ဆေးတွေဘာတွေ တိုက်ပြီးရင် ဒီအိမ်ကိုပဲ ပြန်လာပြီး ညအိပ်ဖြစ်နေတာ ဒီနေ့နဲ့ဆို လေးရက်တောင်ရှိပြီ '

ပုဝါပိုင်းတစ်ခုကို ခါးမှာ ပတ် အခြား ပုဝါတစ်ခုကို ဆွဲယူပြီး ရေချိုးခန်းထဲက ထွက်လာတဲ့ ရှောင်းကျန့်က ဒီနေ့ကျမှ ကြည့်ရတာ တစ်မျိုးလေးလားလို့။ ရေစက်လက်နဲ့ လှုပ်ရှားမှု အလုံးစုံကို လိုက်ကြည့်မိရင်း ရိပေါ် အလိုလိုနေရင်း ရေတွေငတ်လာပြီး တံတွေးတွေ မြိုချမိတော့တာပဲ ။

မဆီမဆိုင် တစ်ခါတုန်းက အိပ်မက်မက်ဖူးတဲ့ အခန်းနီနီထဲက သတို့သားကောင်လေးကိုတောင် သတိရမိပါရဲ့ ။ နားထဲ အဲ့ကောင်လေး ခေါ်တဲ့ လောင်ကုန်းဆိုတဲ့ အသံလေးတောင် ပြန်ကြားယောင်လာသလိုမျိုး ။

'ဟိုဖက်က စားပွဲမှာ ရေသန့်ဗူးတွေ ရှိတယ် ယူသောက်လို့ ရတယ်သိလား ။ ငါအင်္ကျီဝတ်လိုက်အုံးမယ် '
ရှောင်းကျန့်က ရိပေါ်ကို တစ်ချက်ကြည့်ပြီး ပြောသွားတယ် ။

ရေငတ်သလို ဖြစ်ပြီး တံတွေးတစ်ချက် မြိုချလိုက်တိုင်း အထင်းသား ပေါ်နေတဲ့ မွေးရာပါ လည်စိကိုသာ ရိပေါ် ဆွဲလွှင့်ပစ်ချင်တော့တယ် ။

ဒါပေမယ့် ရှောင်းကျန့် ပြောတဲ့အတိုင်း တစ်ခုခု ကောက်မော့လိုက်တော့ လူက နည်းနည်း နေသားထိုင်သားတော့ ရှိသွားသား။ အဲ့ဒီ တစ်ခုခုက ရေတော့မဟုတ် ရေသန့်ဘူး ဘေးနားမှာ ရှိနေတဲ့ ဘီယာတွေ ဖြစ်သွားတာပဲ။

ဘေးနားမှာလည်း ပုလင်းခွံတွေက ဗရပွနဲ့ ။ ဒီကောင် ဒီရက်ပိုင်း ဘာမှမစားပဲ သောက်ပဲ သောက်နေတာလားမသိ ။

ရိပေါ် လက်ကျန် ဘီယာကို ဖန်ခွက်တစ်ခုထ်ဲထည့်တယ် ။ အနားမှာပဲ တွေ့ရတဲ့ ရေခဲတုံးလေးတွေကို ညှပ်လေးနဲ့ ယူပြီး ထည့်လိုက်တယ် ။ 

ဟူပေနယ်ထွက် စစ်စစ် မုယောစပါးကို ချက်လုပ်ပြုပြင်ထားတဲ့ ဘီယာက ကောက်ညှင်းအရက်နဲ့ မတူဘဲ ချိုအီပြီး သောက်လို့ကောင်းတယ် ။ လည်ချောင်းထဲ ဆင်းသွားတဲ့ ရေခဲစိမ် ဘီယာရဲ့ အရသာကိုက အေးစိမ့်ပြီး လူက လေပေါ်မြောက်သွားသလို ခံစားချက်ကို ပေးစွမ်းတယ် ။

Hating You ! (completed)Where stories live. Discover now