Episode / 18

19.6K 1.9K 133
                                    

ကိုရီးယားနိုင်ငံ ၊ ဆိုးလ်မြို့ ၊
Seoul National University ။

Jeon JungKook 's POV ':)

ကျောင်းဝန်းအတွင်း လီဗာသံပြင်းပြင်းနဲ့ ဝင်ရောက်လာတဲ့ ပြိုင်ကားအနက်လေးကြောင့်
လမ်းတစ်လျှောက်လုံးရှိ ကျောင်းသူ၊ ကျောင်းသားများရဲ့ အာရုံက ထိုကားလေးဆီ။ ခဏနေတော့ကားစက်သပ်ကာ
ချောမော ခန့်ညား လွန်းတဲ့ ကျောင်းသားတစ်ယောက်ထွက်လာလေသည်။ တီရှပ်အနက်ပြောင်ကို ဂျင်းဘောင်းဘီအနက်တစ်ထည်တည်းနဲ့
ရိုးရှင်းစွာ ဝတ်ဆင်ထားသော်လည်း လိုက်ဖက်မှုက မသိရင် နာမည်ကြီးသရုပ်ဆောင်တစ်ယောက်လို။ဘယ်သူ့ကိုမှ ဂရုမစိုက်တတ်တဲ့ ပုံစံကလည်း
သူရဲ့ထူးခြားချက်တစ်ခုလို။

ဂျောင်ဂုတစ်ယောက်ကားပေါ်က ဆင်းတာနဲ့
စုပြုံကာ ကြည့်နေကြသော မျက်လုံးများကို
မသိချင်ယောင်ဆောင်ကာ remote ဖြင့် ကားကို
Lock ချပြီး တတ်ရမယ့် အဆောင်သို့ သာ
တန်းတန်းမတ်မတ် လျှောက်သွားလိုက်သည်။

အဆောင်သို့သွားတဲ့ လမ်းတစ်လျှောက်လုံးလည်းသူ့အကြောင်းများကို တီးတိုးစကားဆိုနေကြသူများက ထုနဲ့ထေး။

" ဟဲ့ အဲ့ဒါ JEON Group ရဲ့အမွေဆက်ခံမယ့်သူလေ။ စီးပွားစီမံ မေဂျာက ပထမနှစ်လေး "

" Daebakkk ချောလိုက်တာ
ပထမနှစ်လို့တောင် မထင်ရဘူးနော် အရပ်ကြီးကအရှည်ကြီးပဲ Body ကလည်း မိုက်လိုက်တာ!
တွဲနေတဲ့ ကောင်မလေးရောရှိလား "

" မသိဘူး သူ့အကြောင်း ကောင်းကောင်းသိတဲ့သူ
ဘယ်သူမှမရှိဘူး။ သူငယ်ချင်း လည်း မထားဘူးတဲ့ "

" သူ့ကိုရတဲ့ ကောင်မလေး ကတော့
တော်တော်ကံကောင်းမှာပဲ "

" အေးလေ သူဌေးသားတွေဆိုတော့လည်း "

" ရွှေဇွန်းကိုက်ပြီး မွေးလာတာကိုး
ဒီလောက်တော့ ရှိမှာပေါ့ "

ယောကျာ်းလေး မိန်းကလေး ၃/၄ ယောက်လောက်ပါတဲ့ အုပ်စုက မလှမ်းမကမ်းကနေ
သူ့အကြောင်းပြောနေကြသည်ကို ဂျောင်ဂုကြားပါသည်။ ဒါတွေက အထူးအဆန်း မဟုတ်တော့။
ကျောင်းလာတိုင်းကြားနေရသည့် စကားများ။
သူ့အတွက် ရိုးတောင်ရိုးနေပြီ ဖြစ်သည်။

" QUITE Doctor "Where stories live. Discover now