Part-11💚❤️Warning🚨🚨

4.8K 199 11
                                        

Uni❤️

ဒီနေ့ 'ပါး'တို့ပြန်လာမယ်ဆိုလို့ ကျွန်တော်နဲ့ ခလေး အိမ်မှာ ချက်ပြုတ်ဖို့ ဝယ်ခြမ်းပြီး ဈေးမှ ပြန်လာခြင်းဖြစ်သည်။

ကျွန်တော့်ရဲ့ အန်တီဖန်ရှင်း အပေါ်ထားတဲ့ စိတ်တွေလည်း အရင်ကလို ခက်ထန်မနေတော့ဘဲ အနည်းငယ်တော့ ပျော့ပျောင်းလာတာကို ကျွန်တော်သတိထားမိသည်။'ပါး'ကိုလည်းကျွန်တော်ကိုယ်ချင်းစာပါတယ် 'မား'မရှိတော့တာလည်း တော်တော်ကြာခဲ့ပီလေ ကျွန်တော် ၁၀နှစ်သားလောက်ထဲကဆုံးသွားတာဆိုတော့ 'ပါး'လည်း တစ်ပင်လဲတော့ တစ်ပင်ထူချင်မှာဘဲ အချစ်ဆိုတာ အမုန်းကနေဖြစ်ပေါ်တတ်သလို သံယောဇဉ်ကနေလည်း ဖြစ်ပေါ်တတ်တာဘဲလေ 'ပါး'က ဘယ်အမျိုးအစားကနေဖြစ်လဲဆိုတာ ကျွန်တော် မသိပေမဲ့လည်း အန်တီဖန်ရှင်းကို အရမ်းချစ်တာတော့ ကျွန်တော် ခံစားမိတယ်။

"ခလေး ပေးအထုတ်တွေ ကိုကို့ကိုပေး ခလေးလက်နာ‌နေမယ် "

"ရပါတယ် ကိုကိုကလည်း ကျွန်တော်သယ်နိုင်ပါတယ် ကျွန်တော်လည်း ယောက်ျားဘဲကို မိန်းကလေးမှ မဟုတ်တာ"

"ဟ ဟား အေးပါကွာ ဟုတ်ပါပီ ခလေးကယောက်ျားလေးဆိုတာ ကိုကိုသိပါတယ် "

ရီရီမောမောနဲ့ အထုတ်လေးတွေဆွဲပြီး အိမ်ထဲဝင်သွားကြတယ်

သိတဲ့အတိုင်းဘဲ စားဖိုမှူးကတော့ Xiaozhan ဘဲပေါ့ Yiboကတော့ ဘေးနားကနေလိုအပ်တာ ကူပေးနေတယ်..

"အား! စပ်...စပ်တယ်!
(Xiaozhan ချက်ထားတဲ့ ဝက်သားအစပ်ဟင်းကို ခိုးစားပီး စပ်နေရှာသော Yibo)

"ကိုကို ခလေးပြောသားဘဲ စပ်တယ်လို့ အစပ် မစားနိုင်ဘဲ ဘာလို့သွားစားတာလဲ"

"ရှူး....ရှဲ...ကိုကိုက ခလေး စ,တယ်ထင်နေတာပေါ့ အဲ့လောက်...ရှူး...စပ်မယ်လို့မှ မထင်တာ ရှူး...."

"ရေ...ရေ ရေသောက်ချင်တယ် ခလေး"

Xiaozhanလည်း ရေခဲသေတ္တာထဲက ရေသန့်ဘူးကို ယူပေးလိုက်တော့ ရေကိုတဂွတ်ဂွတ်နဲ့ မော့သောက်နေသည်

"...... မရသေးဘူး စပ်‌နေတုန်းဘဲ"

နှုတ်ခမ်းလေးကို လက်နဲ့အုပ်ထားပီးပြောနေတဲ့ Yibo လူကလည်း ခုန်စွခုန်စွနဲ့

A firm love❤️💚 CompletedМесто, где живут истории. Откройте их для себя