Part-16

14K 697 20
                                    

ဉာဏ်တစ်ယောက် တစ်နေ့က Boss ဆီမှ ပညာပေးခြင်း ကိုအီစိမ့်နေအောင်ခံရပြီးသည့်နောက် အတော်လေး မှတ်သွားပြီ ဖြစ်သည်။

ထိုနေ့ကစပြီး လက်ပတ်ဝတ်ရန်လဲ မမေ့တော့သလို တစ်ခုခုဆို အချိန်ကို အလေးပေးကာ စဥ်းစားတတ်လာ လေပြီဖြစ်သည်။

ခုဆို ကြာသာပတေးနေ့တောင်ရောက်လာ လေပြီ...
ကြားထဲကနှစ်ရက်မှာလဲ Boss နဲ့တွေ့ ဆုံကာ နှစ်ယောက်သား  ညစာ စားဖြစ်ကြသေးသည်။

ထိုအခါ Bossဟာ ဉာဏ် အပျင်းဆုံးအလုပ်တစ်ခုကို လုပ်လာဖို့ အမိန့်ပေးလာလေသည်။ ထိုအရာကတော့ အခြားမဟုတ် exerciseပုံမှန် လုပ်ခြင်းပင်ဖြစ်သည်။

သူနဲ့ play room ထဲမဝင်ခင် တစ်ရက်အလိုတိုင်း အားကစားလုပ်ကာ ခန္ဓာကိုယ်ကို ကရုစိုက်ရမည်ဖြစ်ကြောင်း အမိန့်ပေးလာလေသည်။

အစကတော့ ဉာဏ် လန့်လန့်နဲ့ပဲ complain တက်ကြည့်ပေမယ့် Bossသည် ဉာဏ့်အား ခပ်မာမာအကြည့် တစ်ချက်သာပေးပြီး ဉာဏ် နင်သွားစေမဲ့ အဖြေတစ်ခုကိုသာ ပေးလာလေသည်။

*ကိုယ်က ကျန်းမာ ကြံ့ခိုင်​​ပြီး အမောခံနိုင်တဲ့ partner နဲ့ပဲ ဆော့ ချင်တာ *ဟူ၍ပင်။ 

ထိုအခါ  ဉာဏ် ဘာပြောနိုင်လိမ့်မည်နည်း။ တကယ်လဲ Boss နှင့်အတူဆော့လျှင် အမောခံနိုင်ဖို့က အဓိကဆိုတာ ဉာဏ်လဲ သိနေသည်မို့ * ဟုတ် * ဟုသာ ပြောပြီး လက်ခံလိုက်ရလေသည်။

သို့သော်လည်း အဲ့ထပ်ဆိုးသည်က ဉာဏ့်ကိုမယုံဘူးဆိုကာ သူနဲ့အတူ စံအိမ်က gym ခန်းမှာ လာဆော့ရန် အမိန့်ပေးခြင်းပင်ဖြစ်သည်။
လျှာရှည်ပြီး အတွန့်တက်မိသည့် အကျိုးဆက်တွေပေါ့လေ။

အခုလဲ ဉာဏ့်မှာ အဲ့အတွက်ပဲ လူထချိန်ဟုတောင် မခေါ်သာသော မနက် 6နာရီခွဲကို alarm ပေးကာ ကမူးရှူးတိုးထပြီး အမြန်ပြင်ဆင်နေရသည်။
အချိန်အတိအကျလာကြိုမှာမို့ နောက်ကျလျှင် ဉာဏ့်အတွက် ကောင်းနိုင်တာဘာမှမရှိပေ။

ထုံးစံအတိုင်း ငါးမိနစ်အလိုမှာပင် ဉာဏ့်ရဲ့ ကိုယ်ပိုင်နည်းလမ်းနဲ့ ပြင်ဆင်လို့အပြီးမှာ ဉာဏ်  အမြန်ပဲ တိုက်အောက်ကို ပြေးဆင်းလာလိုက်လေသည်။ 

Start From A CONTRACT Where stories live. Discover now