Arc(1.7)-My Little Gangster

12.4K 1.4K 43
                                    

Unicode

ရှန်းဟုန် ဒေါသတွေထွက်လွန်းလို့ အံကြိတ်ထားရသည်.။
လင်းချန်ရဲ့ ရင်ခွင်ထဲမှာ Babe ကိုတွေ့လိုက်ရသည်က ကမ္ဘာတစ်ခုလုံးအား ဖျက်စီးပစ်ပြီး Babe အား အမြဲတစေ ချုပ်နှောင်ထားခ်င်သည့် စိတ်တွေကို လောင်စာထည့်ပေးလိုက်သလိုပါပင်။

တကယ်တော့ သူBabeကို စိတ်ပူလို့ လိုက်လာခဲ့တာဖြစ်သည်..။သူ အလုပ်ကိစ္စနဲ့ ဟောင်ကောင်ကို ခနသွားတုန်း ဂျက်ခ်က ​သတင်းပို့လာခဲ့သည်။ Babeကို လုပ်ကြံမည့်သူ ရှိသည့်အကြောင်း သူကြားတော့  ကြားကြားချင်း  အရေးကြီးလှသော ဂိုဏ်းအစည်းအဝေးကိုပင် ချက်ခြင်းဖျက် Babeရှိတဲ့ နေရာကို အပြေးလာခဲ့ရတာဖြစ်သည်။

" ခင်ဗျား..ကားရပ်နော်..ခုချက်ခြင်းရပ်..ကျနော်ပြောနေတာနော်.."

" ပါးစပ်ပိတ်ထားBaby!!"

ရှန်းဟုန် အော်လိုက်တာကြောင့် ရန်ဟွား ကိုယ်လေးက တုန်တက်ပြီး မျက်လုံးလေးတွေက ပြူးကျယ်ဝိုင်းစက်သွားသည်..။သူသခင်လေး၏ ဘဝတွင် သူ့ကို လေသံမာမာနှင့် ဆူမည့် အော်ငေါက်္မည့်သူ မရှိ။ယခုမှ ဤ လူဆိုးကောင်ကြီးက သူအား အော်နေလေသည်။

' ငိုးမတားကြီး..ငါ Mission တွေလုပ်ဖို့ရှိနေတာကျ မသိဘဲနဲ့ လာအော်တဲ့ မေဘေးကြီးး..ပြောတော့..ပြောတော့ကျ ကြိုက်တယ်ဆိုပြီး လာအော်တဲ့ မကောင်းဆိုးဝါးကောင်ကြီး '

ရန်ဟွား စိတ်ထဲကနေ ကျိန်ဆဲပစ်လိုက်သည်။ သူစိမ်းတရံက သူ့အား အော်ငေါက်လျှင် ပြန်လည်၍ ပညာပြလိုက်္မည်ဖြစ်သော်လည်း ဒီလူကြီးက အော်ငေါက်လာသည့်အခါတွင်တော့ သူ စိတ်တွေအရမ်းဆိုးသည်။အရမ်း အရမ်းကို ငိုချင်လာလေသည်။

ထို့ကြောင့် စိတ်ဆိုးဆိုးဖြင့် ကားတံခါးရဲ့ထောင့်လေးကို ကပ်နိုင်သမျှကပ်ကာ တဂျစ်ဂျစ်နဲ့ အံကြိတ်နေလေတော့သည်။

ရှန်းဟုန် သက်ပြင်းချမိသည်။ဒီကြောင်ပေါက်လေးက ဘယ်အချိန်မဆို အသဲယားလွန်းအောင် လုပ်တတ်တာ မွေးရာပါ ပါရမီတစ်ခုထင်သည်။သူ့မှာ ဒေါသတောင် ပြေချင်ချင်ဖြစ်လာရသည်။

ကျွီ..။
ကားလေးက မှောင်ရိပ်ကျတဲ့တစ်နေရာမှာထိုးရပ်သွားသည်..။ကားရပ်ရပ်ချင်း သူ့ရဲ့ကိုယ်ပေါ်ကို ပိလာတဲ့ လေးလံတဲ့ ခန္ဓာကိုယ်ကြီး..။ပြီးတော့ စကားပြောခွင့်တောင်မရှိလိုက်ပဲ ကိုက်ဆွဲခံနေရတဲ့ နှုတ်ခမ်းလေး..။

Heaven's Safe SystemWhere stories live. Discover now