part 21 🚨

12.7K 700 104
                                    

Warning ⚠⚠⚠

Unicode

Jin ကတော့ တခွက်ပြီး တခွက် သောက်နေသော်လည်း Namjoon မှာ ခုထိ တစက်လေးတောင် မထိရသေးပေ ။ သူလက်လေးက မသိမသာ ခွက်ပေါ်ရောက်လာရင် ဟိုက လှမ်းရိုက်တယ် ။

" မင်းမသောက်နဲ့ ငါပဲသောက်မယ် နှစ်ယောက်လုံးမူးရင် အိမ်ဘယ်လိုပြန်မှာလဲ မသောက်နဲ့ !

အသစ်စက်စက်ရထားတဲ့ ပြိုင်ဘက် ချစ်သူကြောင့် Namjoon ငိုမိတော့မယ် ။ မျက်စိရှေ့မှာ အသားတုံးရှိနေပါသော်လဲ မစားရတဲ့ဘဝ ။ ကိုယ်ချင်းစာစိတ်လေးတောင်မရှိတဲ့ ငနာတစုကလဲ သောက်စားမျိုဆို့နေကြတာ သောက်အုန်းမလားတောင်မမေးကြဘူး ။

သက်ပြင်းတိုးတိုးလေးချလိုက် အကျယ်ကြီးချလိုက်နဲ့ Seok Jin ခေါင်းမှောက်မယ့်အချိန်ကိုသာ စောင့်နေလိုက်တော့သည် ။

ဟိုဘက်ခြမ်းက ငမူးတစုကလဲ ပွဲကြမ်းလို့နေသေးသည် ။ အရက်မသောက်နိုင်တဲ့ Jimin ကို Hoseok က အတင်းတွေထိုးတိုက် ၊ ဂျပန်ပြန်ကြီးရဲ့ မျောက်မူးလဲ ကကွက်တွေကြောင့် Jungkook ကလဲ လက်သီးလက်မောင်းတွေ တန်းလို့တန်းနှင့် ဆိုင်တဆိုင်လုံး ငှားထားကြလို့သာ တော်သေးသည် ။

ပွဲလည်တွင် တည်ငြိမ်နေသူ Min Sugar မှာ ပုလင်းဖုံးကို ခေါင်းနှင့် ဖွင့်၍ နှုတ်ခေါင်းနှင့် သောက်သည်ထိကို တည်ငြိမ်နေသောသူဖြစ်သည် ။ တခါတခါ Aeigu တွေလုပ်ပြနေတာကလွဲလို့ သူပုံမှန်ဖြစ်နေပါသေးသည် ။

Jk " Park Jimin.... အစ် Jimin shii..... Jimin shiiiiii

Jungkook တယောက် တော်တော်ရေချိန်ကိုက်နေပြီဟု ဆိုရတော့မည် ။ စားပွဲပေါ်တွင် မှေးထောက်၍ ဘေးမှ Jimin အားအသံဗြဲလျှာလေးကြ်ီးဖြင့် လှမ်းခေါ်နေတော့သည် ။ တဖက်ကလဲ ခေါင်းတောင်မထောင်နိုင်တော့တာကြောင့် reply မလာတော့ချေ ။

Rm " Jungkook ရေ တော်တော့ မင်းမူးနေပီလား

Jk " ငါ့ကိုမူးတယ်လို့ ဘယ်ကောင်ပြောတာလဲ ငါမမူးသေးဘူး အေ့....

Rm " ငါတကယ် စိတ်ချမ်းသာတယ် ဟိုကောင် Jung Hoseok တော်တော့ များနေပြီ

Hs " ငါ နဲဲနဲပဲသောက်ရသေးတယ်

Rm " အေး မ ထနိုင်လို့ကတော့ လမ်းပေါ်မှာအိပ်ရမယ်မှတ်

No Reason || 𝕮𝖔𝖒𝖕𝖑𝖊𝖙𝖊 ||Onde histórias criam vida. Descubra agora