Request and Thank for all

4.8K 168 50
                                    














Love and Thank for All

Your……… DayToy-85

28.5.2020 (12:00) AM

…………………………………………………

To Be With You လေးကို တောက်လျှောက် ဖတ်ပေး ခံစား အားပေးခဲ့ကြသူလေးတွေကို တစ်ခုလောက် ပြောပါရစေနော်…

အရင်ပြောချင်တာက ဒီ fiction လေးကို ရေးချင်လို့သာ ရေးခဲ့ပေမယ့် ခုလောက်ထိ ချစ်ပေးကြမယ်လို့ မမျှော်လင့်မိခဲ့ပါဘူး…

စရေးတုန်းကလည်း zawgyi ပဲရှိတော့ နောက်ပိုင်း unicode လည်း ပြောင်းဖြစ်ရော zawgyi unicode တစ်ပိုင်းစီ ဖြစ်ကုန်ပါတယ်…

ရေးရင်းနဲ့ မထင်မှတ်ပဲ အပိုင်းက များလာတော့ zနဲ့u ခွဲတင်ရင်း အပိုင်းတွေက ရာကျော်ကုန်ပါတယ်…

အဲဒါနဲ့ zနဲ့u ပေါင်းပြီး အပိုင်းတစ်ခုထဲ ပြန် edit ဖို့ ဆုံးဖြတ်ခဲ့တာပါ…
(photo album လေးတွေလည်း ဖြည့်ဦးမှာပါ)

vote တွေ comment တွေ နှမျောပေမယ့်လည်း ပိုပြီးကျစ်လစ်စေချင်လို့ပါ…
(အခုကစ များများပေးနိုင် ရေးနိုင်ပါပြီ လို့)

အခု အပိုင်း(1)ကနေ (50) ထိ တောက်လျှောက်ပြင်ပြီးပြီမို့ zawgyiရော unicode ရော ဖတ်နိုင်ပါပြီ…

နောက်အပိုင်းလေးတွေလည်း season ခွဲဖြစ်မလား
ဒီမှာပဲ ဆက်ရေးဖြစ်မလား မဆုံးဖြတ်ရသေးပေမယ့် သားသမီးတွေ မြေးတွေနဲ့ အဘိုးတွေအရွယ်ထိ ရေးချင်တာပါ…
ရေးဖို့လည်း စိတ်ကူးထားပါတယ်…

နောက်တစ်ခုက ကိုယ်ငယ်ငယ်က ဖတ်ခဲ့ဖူးတဲ့ ချစ်ခရီးကြုံဆိုတဲ့ စာအုပ်လေးတစ်အုပ်ကို inspired ယူခဲ့တာပါ…
ကိုယ်မမှတ်မိတော့တဲ့ စာအုပ်ခေါင်းစဉ်ကို လာပြောပြပေးသူကိုလည်း တကယ်ကျေးဇူးပါ…

ကျောရိုးအနည်းငယ်သာမှီးပြီး စကားလုံး အသေးစိတ် သုံးစွဲတာကအစ တစ်ခြားဇာတ်ကွက်တွေ အားလုံးက ကိုယ်တိုင်ဖန်တီးခဲ့တာပါ…

အဲ့ဒါလေးနဲ့ ပက်သက်ပြီး စိတ်ရှင်းချင်လို့ ပြောပြတာပါ…

ကိုယ်ဆက်ရေးနိုင်မရေးနိုင်က စာချစ်သူလေးတွေရဲ့ အမြင်နဲ့မှတ်ချက်အပေါ် အများကြီး မူတည်ပါတယ်…

ချစ်ပေးကြသူလေးတွေ အနှောင့်အယှက်ဖြစ်စေခဲ့ရင် ထပ်ဆင့် sorry ပါနော်…

Love and Thank for All

Your……… DayToy-85

28.5.2020 (12:00) AM



To Be With You  [ Z&U ]Where stories live. Discover now