Part-8(ZG)

317 26 2
                                    


Saintတို့အုပ်စုရုပ်ရှင်သွားတဲ့ကိစ္စကြောင့်
တစ်ပတ်တိတိ မနက်စော​စောကျောင်းသို့လာကာ
ကျောင်းဝန်းအတွင်း နေရာအနှံ့  သန့်ရှင်းရေးလုပ်ကြရသည်...

ညနေဆိုလည်း တော်တော်နှင့်မပြန်ရ ကျောင်းအတွင်းအမှိုက်ကောက် ရသေးသည်....

ကျောင်းသန့်ရှင်းရေးနောက်ဆုံးလုပ်ရသည့်မနက်တွင်...

Saint: ဟူး...မောလိုက်တာ...တစ်နေ့တစ်နေ့ ကျောင်းလည်းအစောကြီးလာရ...ညနေလည်းစောစောမပြန်ရ....😢😢

Perth: မင်းကပဲ ညည်းရတယ်ရှိသေး...မသိရင် မင်းတစ်ယောက်တည်း တစ်ကျောင်းလုံးသန့်ရှင်းရေး လုပ်ရတာကြနေတာပဲ....

Saint:ဒါကတော့...

Perth: ဒီနေ့တစ်ရက်လေးပဲ...ဟိုသုံးယောက်မအားလို့ မင်းနဲ့ငါပဲလုပ်ရတာပါနော်....ညနေသူတို့သုံးယောက်ပဲ လုပ်ရမှာပဲကို...ဒီနေ့မင်းစောစောပြန်လို့ရတယ်လေ...

Saint: ရမယ်ထင်နေလား...ဟိုအစုတ်ပလုတ်plan က သူငယ်ချင်းရယ်ငါ့ကိုစောင့်ပါနော်ဘာညာလုပ်ဦးမှာကွ...မင်းဘာသိလို့....

Perth: မစောင့်ချင်ဘူးပြောလိုက်ပေါ့ကွ...မင်းလည်းအစောကြီးထလာရတာလေ..ပငိပန်းနေတာသူသိရင် ပေးပြန်မှာပါ....

Saint:မရလောက်ပါဘူးကွာ...ပြီးတော့သူတစ်​ယောက်တည်းပြန်နေရလိမ့်မယ်....

(တကယ်တော့saintတစ်ယောက် titleရှိနေလို့
မပြန်ချင်တာလည်းပါသည်...)

Perth: ..တော်တော်ချစ်နေ....

သူတို့စကားဝိုင်းလေးငြိမ်သက်သွားသည်...
မနက်စောစောတဖြူးဖြူးတိုက်နေသော လေအေးနှင့် ကျောင်းဝန်းထဲရှိ ပန်းပင်များ၏ အမွှေးနံ့ များဖြင့် မနက်ခင်းမှာ စိုပြည်လှပနေတော့သည်..

ထိုစဉ်...

Perth: saint အချစ်ဆိုတာကို မင်းဘယ်လိုအဓိပ္ပါယ်ဖွင့်ဆိုလဲ....

Saint: အမ်...မင်းဟာက ရုတ်တရက်ကြီးပါလား..ကြောင်တောင်တောင်နဲ့....

Perth:ဒီလိုပါပဲ ငါသိချင်လာလို့...

Saintတစ်​ယောက်အစကတော့perthသူ့ကိုစချင်လို့လာမေးသညိထင်ကာပြန်ဖောက်လိုက်သော်လည်း perthမှာအတည်တွေကြီး ပြောနေသောအခါ....

Youth With Love❤(Complete)Where stories live. Discover now