1

2.6K 112 34
                                    

"မင်္ဂလာညနေခင်းပါ အခုရက်ပိုင်း ကွင်းဆက်လူသတ်ခံနေရတာမို့ မိဘပြည်သူများ အသွားအလာများ ဂရုစိုက်ကြပါရှင်။ ရဲတွေဘက်ကလည်း လူသတ်သမားဟာ တယောက်တည်းဖြစ်နိုင်ပြီး အခုထိလွတ်မြောက်နေပဲလို့ဆိုပါတယ်ရှင်"

Yoongi ထိုသတင်းကို ပိတ်ပြစ်လိုက်ကာ ဖိုင်တွဲတွေကြားထဲမှာ ခေါင်းနှစ်လိုက်တော့သည်။
ဒီလူသတ်သမားရဲ့ အမှုအား သူကိုင်ထားတာ လေးလကျော်နေပြီပင်။ ထိုလေးလအတွင်းမှာလည်း ပျောက်ဆုံးသွားသည့် လူဦးရေအပြင် သေဆုံးသွားသည့် လူဦးရေက ၂၁ ယောက်တောင် ဖြစ်နေပြီမို့ Yoongi အနေနှင့် ဤအမှုကို တစ်ခုလေးမှမလွတ်သွားအောင် စုံစမ်းနေရသည်။

Yoongi ဖိုင်တွဲတွေဖွင့်ကာ အသေးစိတ်ပြန်စစ်မယ်ရှိသေး ဖုန်းဝင်လာတာကြောင့် ကြည့်လိုက်တော့ သူနှင့်ငယ်ငယ်ကတည်းက သိလာသည့်
Jung Kook ဆီကမို့ ဖုန်းကိုင်လိုက်တော့သည်။

"ဘာကိစ္စရှိလို့လဲ Jung Kook"

"မအားဘူးလား Yoongi Hyung"

"အင်း ဟုတ်တယ် မင်းကြားတဲ့အတိုင်းပဲလေ။ ကွင်းဆက်လူသတ်သမားကြောင့် ငါမအားသေးဘူး Jung Kook"

"Yoongi Shi ဒီထက်ရာထူးတိုးရင် သမ္မတတောင် ဝင်အရွေးခံလို့ရတော့မယ်။ ကြိုးစားနေတုန်းပဲလား"

ထိုအခေါ်အဝေါ်ကြောင့် Yoongi မျက်မှောင်ကျုံ့မိသွားသည်။ သူနှင့် Jung Kook က လေးနှစ်လောက်ကွာတာကြောင့် ဒီကောင်လေး အဲ့လိုမလေးမစားခေါ်ရင် သူတကယ်ကို သဘောမကျတာပေ။ သူသဘောမကျမှန်း ထိုကောင်လေးက သိရဲ့သားနဲ့
တမင်သက်သက်ကို ခေါ်နေတာပင်။

"ကျစ်! Jung Kook မင်းအဲ့လိုခေါ်နေရင် ငါဖုန်းချပြစ်တော့မှာနော်။
်ငါမကြိုက်ဘူးဆိုတာ သိရဲ့သားနဲ့ကို"

"စိတ်မဆိုးလိုက်ပါနဲ့။ ကျွန်တော်က Hyung အလုပ်တွေဖိလုပ်နေမှာကို သိတာမို့လို့ အလုပ်ကိစ္စတွေ နည်းနည်းသယ်လာပြီး ကျွန်တော့်ဆီမှာ လာအိပ်ခိုင်းမလို့ပါ။ မဟုတ်ရင် Yoongi Hyung က ခေါက်ဆွဲပြုတ်နဲ့ပဲ နေတော့မှာမဟုတ်လား"

ထိုစကားကြောင့် Yoongi သက်ပြင်းချလိုက်သည်။ သူ့အခြေအနေက ကားထုတ်ပြီးတော့ Jung Kook အိမ်ဆီကို သွားရောက်လောက်တဲ့အထိကို အားနေတာ မဟုတ်ပေ။ သို့သော် Jung Kook ပြောသည့်အတိုင်း သူကခေါက်ဆွဲပြုတ်နဲ့ပဲ နေရတော့မှာကတော့ အသေအချာပင်။

KILLER JEON × MIN ||ʏᴏᴏɴᴋᴏᴏᴋ||Where stories live. Discover now