제 5 화

2.7K 421 69
                                    

ဆော့ဂျင်နှင့် ယွန်းဂီထုံးစံအတိုင်း လက်ဖက်ရည်တူတူသောက်မယ်ဆိုပြီး ပန်းခြံထဲမှာချိန်းထားကြသည်..

ယွန်းဂီညီလာခံပြီးတာနှင့် ဆော့ဂျင်စောင့်နေသော ပန်းခြံထဲကို ရောက်လာခဲ့သည်..

"ယွန်းဂီ..ရောက်ပြီလား..လာလာ လက်ဖက်ရည်အဆင်သင့်ပဲ"

ယွန်းဂီထိုင်လိုက်ပြီး လက်ဖက်ရည်ခွက်ကိုယူလိုက်သည်..

"စာအုပ်ဆယ်အုပ်လေ့လာပြီးပြီလား"

"လေ့လာပြီးပြီ..နမ်ဂျွန်းနဲ့တူတူဖတ်လိုက်တယ်"

လက်ဖက်ရည်ခွက်ကိုကလေးလို လက်နှစ်ဖက်နဲ့မပြီးသောက်နေရင်းဆော့ဂျင်ပြောလိုက်သည်..

"နမ်ဂျွန်းဆိုတာ စစ်သူကြီးကင်မ်ရဲ့သားလား"

မင်းကြီးကမျက်မှောင်ကုပ်ရင်းမေးလိုက်သည်..သူ့သူငယ်ချင်းအကြောင်းသူသာသိသည်..ဘာဉာဏ်ဆင်ထားပြန်ပြီလဲမသိ..

"အွန်း ဟုတ်တယ်..အမတ်ကြီးတွေကစည်းကမ်းကြီးတယ် နမ်ဂျွန်းကသဘောလည်းကောင်းပြီးစာလည်းတော်တယ်"

"စစ်သူကြီးရဲ့သားတော်က တိုက်ရေးခိုက်ရေးမှာကျွမ်းကျင်ရမှာပေါ့ စာတော်တာဘာလုပ်လို့ရမှာလဲ"

ယွန်းဂီပြောလိုက်တော့ ဆော့ဂျင်လက်ဖက်ရည်ခွက်ကိုချပြီးရန်တွေ့လေရော..

"အဲ့လိုမပြောစမ်းပါနဲ့..စစ်သူကြီးသားဖြစ်တိုင်းစာပေစိတ်ဝင်စားလို့မရတာကျနေတာပဲ..မင်းတောင်တစ်ဦးတည်း‌ေသာအိမ်‌ေရှ့စံမို့ ဘုရင်ဖြစ်လာတာ..မဟုတ်ရင် သူပုန်ဖြစ်နေလောက်ပြီ"

"ဘုရင်ကိုဘယ်လိုခွေးစကားတွေလာပြောနေတာလဲ"

"ပြောတော့ဘာဖြစ်လဲ ဘာလုပ်ချင်လို့လဲ!"

အချင်းချင်းမျက်စောင်းခဲပြီး သတ်ခါနီး ပန်းခြံဘက်ကလာတဲ့ သီချင်းသံလွင်လွင်လေးကြောင့်သူတို့နှစ်ယောက်လုံးလှည့်ကြည့်မိကြသည်..

‌ချယ်ရီပင် တစ်ပင်ရဲ့အောက်မှာ ဗြပ်စောင်းတီးနေတဲ့လူတစ်ယောက်နဲ့သူ့ဘေးက ပန်းနုရောင်ဝတ်ရုံနဲ့ကောင်လေး..

ဂျီမင်း

ယွန်းဂီခေါင်းထဲမှာဘာမှမရှိတော့..ဗြပ်စောင်းသံနှင့်အညီ နူးညံ့သော ကကွက်တွေကိုအသေးစိတ်ပုံဖော်နေတဲ့ ဂျီမင်းကိုသာမျက်လုံးထဲမြင်တော့သည်..

Elysian || YoonminWhere stories live. Discover now