Little phi 💙💚(part2)

128 18 2
                                    

Unicode.....

Little phi 💙💚(part 2)

မနက်လင်းတဲ့အခါ ထုံးစံအတိုင်း Meanက ဝတ်ကျေတန်းကျေ  နှုတ်ဆက်ပြီးထွက်သွားတယ်....
ထမင်းစားခန်းထဲ တစ်ယောက်ထဲ ငိုင်ရင်း တစ်ချိန်က ဒီနေရာမှာ ကြည်နူးမိသမျှ အာရုံထဲ အစီအရီပေါ်လာတယ်.....
ဟင်းချက်နေတဲ့ သူ့ကိုယ်ကို စားပွဲပေါ်ပွေ့ချီပြီး နမ်းချင်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ မျက်နှာတပြင်လုံးကို နှာခေါင်းချွန်ချွန်နဲ့ပွတ်သပ်နေတတ်သူ......
ခဏအကြာ သူ့လည်ပင်းပေါ်မျက်နှာအပ်လို့ ချစ်လိုက်ရတာ Pသေးသေးလေးရယ်လို့တိုးညင်းညင်းလေး ပြောတတ်သူ....
တစ်ခါတစ်လေများဆို သူ့ကိုပွေ့ချီပြီး Pသေးသေးလေးကို ချစ်ချင်နေပြီ ဆိုပြီး လှိုက်ခုန်နေတဲ့ရင်အစုံ ရဲတက်နေတဲ့မျက်နှာလေးနဲ့ သူ့ကိုခွင့်တောင်းသလိုပြောတတ်သူ.....
အဲ့လိုကြင်နာတဲ့သူက ရုတ်တရက်သူစိမ်းဆန်တဲ့အခါ သူ့မှာ ဆောက်တည်ရာမရ နေ့တွေညတွေမှာ မျက်ရည်နဲ့မျက်ခွက် မှိုင်းညို့နေတဲ့စိတ်က ရယ်ချင်ပြုံးချင်စိတ်ကုန်တဲ့အထိ.......
လွှတ်ချလို့လည်းမဖြစ်နိုင် အနားမှာရှိလည်း နာနာကျင်ကျင်ကျင်ကြီး...
တည်ငြိမ်နေတဲ့ Meanကိုမြင်ရတဲ့အခါ သူတစ်ယောက်ထဲပဲ နာကျင်ပြီးဖြစ်ပျက်နေတာလားဆိုတဲ့အတွေးနဲ့အရူးလိုမျက်ရည်ကျရပြန်တယ်....

အဖြစ်အပျက်တွေက လွန်ခဲ့တဲ့ တစ်ပတ် Meanစာသင်နေတဲ့ Thammasat uni ကိုနေ့လည်စာထမင်းဘူး သွားပေးရင်းက စတယ်...

ကျောင်းကန်တင်းမှာဖြူဖြူ နုနုချစ်စရာကောင်မလေးနဲ့ ပြုံးရွှင်နေတဲ့ TUရဲ့ နာမည်ကြီးLecturer ဆိုတဲ့ သူ့ကောင်လေး Mean....
အထူးသဖြင့် အေးစက်စက် မျက်နှာထားတည်တည်နဲ့ချောမောတဲ့ဆရာတစ်ယောက်လို့ နာမည်ကြီးတဲ့သူ့ကောင်လေး....
တုန်ယင်နေတဲ့ လက်အစုံနဲ့phထုတ်ပြီးခေါ်ကြည့်အခါ တစ်ဖက်မှာ ဖြေသူမဲ့နေပုံက သူ့ကိုလှောင်ပြောင်နေသလို.......

နာကျင်မှုအစုစုက ရင်ဘက်မှာလာစုတယ်...
မယုံကြည်တာမျိုးမဟုတ်ပေမဲ့ ဖြေရှင်းချက်ဖြစ်ဖြစ်လိုချင်တယ်....
ရှိသမျှခွန်အားစုလို့မေးကြည့်တဲ့အခါ သူ့တပည့်မလေးဆိုတာထက် ပိုမသိခဲ့ရဘူး.....

Little phi 💙💚Donde viven las historias. Descúbrelo ahora