အပိုင်း ၁၉

9.3K 571 8
                                    

သင်တန်းပီးကတည်းက အကို့သင်တန်းဘက်တောင် မရောက်ဖြစ်တာ ကြာပီ
မမိုးတို့နဲ့လည်း တွေ့ရင်း ကျွန်တော့်ရဲ့ လူကြီးကိုလည်း သွားဖူးရင်းနဲ့ သွားအုန်းမှပါလေ

" ဟယ် ပိုင်လေးပါလား လာလည်တာလား "

" ဟုတ် မမိုး ဒီမှာ မမိုးတို့အတွက် ကီးမား ဝယ်လာတယ် "

" ကီးမားလား မမိုး အကြိုက်ပဲ
ကျေးဇူးပဲ ပိုင်လေးရေ "

" ဟီး အာ့ဆို ကျွန်တော် အထဲ သွားလိုက်အုန်းမယ်နော် "

.............,..........................................
ဒေါက်... ဒေါက်

" ဝင်ခဲ့ပါ "

" ဆရာ ကျွန်တော် သင်တန်းအပ်ချင်လို့ပါ "

" သင်တန်းအပ်ဖို့..."

ခေါင်းစိုက်ပီး သင်တန်းစာရွက်တွေ လုပ်နေသော
ကျွန်တော့်ရဲ့ လူကြီးကတော့ အခုမှပဲ မော့ကြည့်ဖော် ရတော့တယ်

" ဟာ ခေတ် ကိုယ့်ဆီ လာတာလား ကိုယ်တောင်
ခဏနေရင် ခေတ်ဆီ ဖုန်းဆက်တော့မလို "

" ဘာပြောမို့လဲ "

" အော် ကိုယ့်ရဲ့ ခေတ် လေး ဒီအချိန် ဘာတွေများ လုပ်နေမလဲ ပီးတော့ ခေတ်ရဲ့ အသံလေး ကြားချင်လို့ "

" ပိုပီ 😏
ရော့ ဒီမှာ ခင်ဗျားကြီး ကြိုက်တဲ့ ကီးမား "

" ဟာ...မွှေးနေတာပဲကွာ ခေတ် က ကိုယ့်ယောကျာ်းအကြိုက်ကိုတော့ သိသားပဲ "

" ဘာ ယောကျာ်းလည်း "

" ခေတ်နဲ့ ကိုယ်နဲ့ လက်ထက်ပီးရင် ကိုယ်က ခေတ်ယောကျာ်း ခေတ်က ကိုယ့်မိန်းမ ဖြစ်ပီလေ "

" နိုးးးးမရဘူး ကျွန်တော်က ခင်ဗျားယောကျာ်းပဲ လုပ်မှာ "

" လုပ်ဗျာ လုပ် လုပ် 'မွ' "

" အကို ဘာလုပ်တာလဲ မနမ်းနဲ့ ဖယ် "

ဒေါက်........ ဒေါက်
တံခါးခေါက်သံကြားမှပဲ အသက်ရှူချောင်တော့တယ် ဟူးးးးးး

" ဝင်ခဲ့ပါ "

" ကိုကို "

" အေပရယ်ပါလား... ဘယ်တုန်းက ပြန်ရောက်တာလဲ "

" ဒီနေ့ပဲ ပြန်ရောက်တာ
ကိုကို့ ကို သတိရတာနဲ့ ကိုကို့ဆီ အရင်လာခဲ့တာ လက်ဆောင်တွေလည်း ပါတယ် "

ဆိုးစမ်းပါ ကောင်လေးရာ ( Completed )Where stories live. Discover now