Part ( 9)

7.8K 590 10
                                    


ညက အိပ်မပျော်
မနက် ၃ နာရီလောက်မှ အိပ်ပျော်သွားတာကြောင့်
Yi bo နေ့လယ် ၁၁ နာရီကျော်လောက်မှ နှိုးလာသည်။

မျက်နှာသစ် ၊ ရေချိုးကာ အကျီင်္လဲပြီးအောက်ထပ်သို့
ဆင်းလာလိုက်သည်။

" Yi bo.. "

" သြော် Pinky ဘာလာလုပ်တာလဲ "

" နင့်တို့အတွက် မုန့်လာပို့တာ "

" ရပါတယ်ဟာ မလိုပါဘူး ဒီလိုတွေ "

" နင်ကလည်း...
ဒါနဲ့ နင့်နှုတ်ခမ်းနဲ့ လည်ပင်းက ဘာဖြစ်တာလဲ "

" ဟင် ဘာဖြစ်နေလို့လဲ "

" ဟင် မသိရင် ဟို..."

Yi bo
Pinky စကားမဆုံးခင် အမြန် မှန် သွားကြည့်လိုက်သည်။
စောနက အခန်းမှာ မှန်မကြည့်မိတာအမှားလို့လဲ
Yi bo တွေးလိုက်သည်။

မှန်ကြည့်လိုက်တော...
နှုတ်ခမ်းက အနည်းငယ်ယောင် နေပြီး
လည်ပင်မှာလည်း အနီကွက်ကလေးတွေ ဖြစ်နေသည်။

" ဟာကွာ "

အိမ်ရှေ့ခုံပေါ်မှာ ထိုင်ပြီး စကားပြောနေတဲ့ Pinky ကို
" ခနနော် pinky "

" အေး "

Yi bo အပေါ်ထပ်အမြန်ပြေးတက်ကာ
သူ့အခန်းထဲဝင်ပြီး အပေါ်ထပ်အကျီင်္အစိမ်းရောင်လေး
ကို ဝတ်ကာ အောက်ပြန်ဆင်းလာသည်။

" ကောက ချစ်စရာလေး "
ဘယ်အချိန် ရောက်လာမှန်းမသိတဲ့ Xiao Zhan ကြောင့် Yi bo ကြောင်သွားသည်။

" သား ကောက အဲ့လိုပဲလေ အမြဲ ကလေးကျနေတာပဲ
ချစ်စရာလေး "

" ဟုတ်ပါ့နော် Yi bo က ချစ်စရာလေး "

" ... "

" အန်တီရေ သား ကော ကို
အပြင်ခနခေါ်သွားချင်လို့ "

" ခေါ်သွားလေ သား "

" ငါက pinky နဲ့ အပြင်သွားမလို့ "

" ရတယ်လေ သူ့ကိုခေါ်လာပေါ့
ဒါမှ ကောနဲ့ ကျွန်တော့် အကြောင်းတွေ ပြောလို့ရမှာပေါ့"

Pinky
Xiao Zhan ကိုကြည့်လိုက်တော့
တစ်ခုခုကို အလိုမကျတဲ့ ပုံစံဖြစ်နေတာကြောင့်

" ရပါတယ် Yi bo ရယ်
ငါ အန်တီနဲ့ပဲ ကျန်ခဲ့ပြီး စကားပြောနေပါမယ် "

ဝမ်ရိပေါ် ကောကော ( Completed)Where stories live. Discover now