An Unfathomable Heart 7

924 66 29
                                    

မြတ်နိုးတဲ့ အရာနှစ်ခုကို တစ်ပြိုင်ထဲရွေးချယ်ရမယ့် အခြေနေရောက်ရင် စိတ်ပင်ပန်းရတယ် ရွေးချယ်မှဖြစ်ရမယ့်အရာတွေကို မုန်းတယ်.......

#############

"Chaeyoung​"

မှန်တင်ခုံရှေ့မှာ ပြင်ဆင်နေတဲ့ သူမကိုယ်လုံးလေးကို ဆွဲဖက်လိုက်တဲ့အချိန် သူ့ဆီက တောက်ပတဲ့ အပြုံးလေးတွေ တွေ့နေရတာ စိတ်ချမ်းသာတယ်

​သူ့အရပ်အရှည်ကြီးနဲ့ နောက်ကျောမှ တွဲခိုကာ ဖက်ထားတာမလို့

"ဒီနေ့ ခွင့်ယူလို့မရဘူးလား"

"အရေးကြီးမဟုတ်ဘဲနဲ့ မယူချင်ပါဘူး ငါသွားဖို့လိုတယ် အခုရက်က အလုပ်ရှုပ်နေတော့"

နှုတ်ခမ်းဆူကာ ကလေးလေးလို လုပ်နေပြီး

"နင်ကလည်းဟာ ထွက်လိုက်တော့ ငါရှာကျွေးမယ်"

သူ့ရဲ့ ပါးလေးနှစ်ဖက်ကို ခြေဖျားထောက်ကာ ဖျစ်လိုက်ပြီး

"ငါအခုအလုပ်က တအားအဆင်ပြေနေတယ် ပြီးတော့ ပျော်ဖို့လည်း ကောင်းတယ် မိတ်ဆွေတွေလည်း ရတယ် ငါအတွေ့အကြုံတွေလည်း အများကြီးရတယ်"

သူမကို ဖက်ထားတာ ဖြေလိုက်ပြီး ကုတင်ပေါ်သွားထိုင်ကာ

"ဟိုတစ်ယောက်ကြောင့်လား"

"ဟမ်"

သူမနှုတ်ခမ်းနီဆိုးဖို့ လုပ်ထားတာတောင် ရပ်သွားတယ် သူသိနေတာလား

"ဘယ် ဘယ်တစ်ယောက်လဲ"

"နင်အခု တွဲနေတဲ့ တစ်ယောက်လေ"

သူမ နှုတ်ခမ်းနီကို ချကာ သူ့အနားအသာလျှောက်ပြီး

"Tzuyu ဟိုလေ ငါ"

အနားကို လာတဲ့ သူမကိုယ်လေးကို ဆွဲဖက်လိုက်ပြီး သူပြုံးပြလိုက်တော့ ပိုပြီး သူ့အပေါ် အားနာမိပြန်ရော

"နင်ပင်ပန်းနေတဲ့ အချိန် အားငယ်တဲ့ အချိန် တစ်ယောက်ယောက်ကို အားကိုးမိမှာပဲလေ ငါနားလည်ပါတယ် အရင်ကိစ္စတွေထားလိုက်တော့ သူနဲ့ လမ်းခွဲလိုက်ရပြီ"

ပင်ပန်းနေတဲ့အချိန် ခိုနားမိတာလား Mina Unnieအပေါ်ခံစားချက်က ချစ်တာလား အားကိုးမိတာလား

An Unfathomable HeartWhere stories live. Discover now