X *U

478 59 1
                                    

ဒီနေ့ဆို ရှီးကောကော နဲ့ ဒိတ်တာ နှစ်လပြည့်သွားပြီ။

ခါတိုင်းလိုပဲ သူ့ကို ကျူရှင်သွားကြိုတော့ မျက်လုံးလေးက လက်ပြီး သိပ်ချစ်ဖို့ကောင်းအောင် ပြုံးပြပါလေရော။ အရမ်းအသည်းယားလာလို့ နှာခေါင်းလေးကို အသာလေး ဆွဲညှစ်မိတယ်။ အံမယ် စိတ်မဆိုးဘူးဗျာ။ စိတ်မဆိုးတဲ့အပြင် အသံထွက်ပြီးတောင် ရယ်နေသေးတာ။ ကျွန်တော့်ကောင်လေးက သိပ်ချစ်ဖို့ကောင်းတာပဲ။

"ကိုကို"

ကျွန်တော် အရဲစွန့်ပြီးခေါ်လိုက်တော့ သူက အံ့ဩတကြီးနဲ့ မျက်လုံးလေးဝိုင်းစက်သွားတယ်။

"အာ..... နားထောင်ရတာ တစ်မျိုးဖြစ်နေလို့လား?"

သူက ရယ်တယ်။

"မဖြစ်ပါဘူး ဖေးဖေးရဲ့... ဒါနဲ့ အန်တီတို့ပြန်လာပြီလား"

"အင်း ပြန်လာပြီ ကိုကို။ ဘာဖြစ်လို့လဲ"

"ဘာမှမဖြစ်ပါဘူး။ ဒီတိုင်းပဲ မေးကြည့်တာ"

"ဪ"

ကိုကို ထူးဆန်းနေတယ်။ ဘာက ထူးဆန်းနေလဲမသိပေမယ့် တစ်မျိုးပဲ။

အိမ်ပြန်လမ်းတစ်လျှောက် ကိုကို့လက်သေးသေးလေးကို ကျွန်တော့်လက်နဲ့ကိုင်ထားရတာလေးက အရမ်းနူးနူးညံ့ညံ့လေး။ သဘောကျလိုက်တာ။

အိမ်ရှေ့ရောက်တော့ ခါတိုင်းလိုပဲ နဖူးလေးကို အနမ်းပေးပြီး ကိုကို အိမ်ထဲဝင်တာ ရပ်ကြည့်ခဲ့သေးတယ်။ ပြီးမှ ကျွန်တော် အိမ်ထဲ ဝင်ဖြစ်တယ်။

မားမားကတော့ မေးရှာတယ် "တော်တော်သဘောကျတာပဲလား" တဲ့။ အင်း.... စတွေ့တုန်းက ဒီလောက်ထိ သဘောကျမိသွားလိမ့်မယ်လို့ မထင်ထားခဲ့မိဖူးဘူး။

တွေးနေတုန်းရှိသေး တစ်မြို့လုံး blackoutဖြစ်သွားလို့ ကိုကို့ကို စိတ်ပူလို့ ဖုန်းဆက်မိတယ်။

"ဟဲလို"

"ကိုကို အဆင်ပြေလား"

"လက်နှိပ်ဓာတ်မီး.. အားးး"

တူတူတူ

ကိုကို!! ဘာဖြစ်တာလဲမသိဘူး။ စိတ်ပူတဲ့ဇောနဲ့ ဝရုန်းသုန်းကားပြေးထွက်သွားတာ ဖိနပ်တောင်မပါသွားဘူး။

"ကိုကိုရေ ကိုကို တံခါးဖ‌ွင့်ပေးဦး"

ဘာလို့ကြာနေတာလ‌ဲ။ ဒုက္ခပါပဲ။

၅မိနစ်လောက်ကြာမှ တ‌ံခါးလာဖွင့်ပေးတယ်။

"ဘာလို့ အဲ့လောက်တောင်ကြာနေ..!!ကိုကို!"

တံခါးဖွင့်ပေးပြီး ကျွန်တော့်ရင်ခွင်ထဲ မှီကျလာတဲ့ ကိုကို့ကို ထိန်းရင်း အရမ်းလန့်သွားတယ်။ ကိုကို တစ်ခုခုဖြစ်ရင် ကျွန်တော် ရင်ကျိုးမှာ။

မထူးတဲ့နည်းတူ ကို့ကိုကို ပွေ့ပြီး အိမ်ထဲဝင်ခဲ့လိုက်တယ်။ ကိုကို သတိလစ်တာမဟုတ်ဘူးထင်တယ်။ အသံခပ်သေးသေးလေးတစ်သံထွက်လာတယ်။ "ဖေးဖေး ကို hypotensionရပြီး အရမ်းမူးသွားလို့"တဲ့။ တော်သေးတာပေါ့။ ပွေ့လက်စနဲ့ ဆက်ပွေ့ပြီး ကိုကို့အခန်းထဲထိဝင်သွားလိုက်တယ်။ အိမ်မှာတစ်ယောက်မှ မရှိဘူးထင်တယ်။ မှောင်မည်းနေတာပဲ ။ ဖုန်းက flashlightနဲ့မှပဲ နည်းနည်းမြင်ရတော့တယ်။

"ကိုကို အိမ်မှာ ဘယ်သူမှမရှိဘူးလား?"

"အင်း ဟုတ်တယ်။ ညနေကပဲ တစ်မိသားစုလုံးအပြင်သွားကြတာ။ ခုနက မီးမပျက်ခင်ကတင်ဖုန်းဆက်တယ် ဒီညပြန်မလာဘူးတဲ့"

"ဪ... ဒါနဲ့ ဖုန်းက ဘာလို့ စက်ပိတ်သွားတာလဲ"

"ဟဲဟ‌ဲ ဂိမ်းအဆော့လွန်ပြီး အားကုန်သွားလို့"

သူက အကြီးလား ကျွန်တော်က အကြီးလားတောင် မသဲကွဲတော့ဘူးဗျာ။

"ကိုကို ချော်လဲသွားသေးလား။ ဘယ်နားထိသွားသေးလဲ?"

"အင်း... ဒူးခေါင်းပွန်းသွားတယ်ထင်တယ်"

ကျွန်တော် ကိုကို့ဒူးခေါင်းကိုကြည့်လိုက်တော့ အဟုတ်ပဲဗျာ။ ပွန်းသွားတာ။ မမြင်ရက်လို့ ဆေးသေတ္တာရှာပြီး ဆေးသေချာလိမ်းပေးလိုက်တယ်။

"ကိုယ့်ဘာသာလုပ်လည်း ရပါတယ်ဆို ဖေးဖေးကလည်း"

ကိုကိုစကားပြောတာ ရပ်သွားပြီး ကျွန်တော့်လည်ပင်းကို သေချာစိုက်ကြည့်နေလို့ နည်းနည်းတောင် အနေခက်လာတယ်။

"ကိုကို ဘာလို့စိုက်ကြည့်နေတာလဲ"

"လည်ပင်းက allergyဖြစ်နေတာလား? ညနေကတောင်မ‌ေတွ့သေးပါဘူး"

"အာ... ဟုတ်တယ် ကိုကို။ ကျွန်တော်က ခြင်ကိုက်ရင် အဲ့လိုallergyထတယ်"

ကိုကို ဘာမှထပ်မပြောတော့ပ‌ဲ ဆေးသေတ္တာကို မွှေနှောက်ရှာတော့တာပဲ။ ရှာတွေ့တော့ အားရဝမ်းသာနဲ့ ဆေးဘူးကိုင်ပြီး ကျွန်တော်လည်ပင်းကို သူ့လက်နုနုလေးနဲ့ ဆေးလိမ်းပေးတယ်။ ဆရာဝန်ကိုကို နဲ့ ရည်းစားဖြစ်ရတာ တစ်မျိုးကောင်းသားပဲ။

CFY×LYX= Love (Completed)Where stories live. Discover now