Chapter 24 ( Unicode)

13.2K 1.2K 59
                                    

အတန်းရှေ့မှာ ဘဲဆိုးကြီး ရှင်မင်းဆက်က လွှမ်းကို အသင့်စောင့်ကြိုနေသည်။ လွှမ်းက ကျောင်းဖွင့်ရက်ဆိုရင် ရှင်မင်းဆက်နှင့် ထိုက်သူစိုးဆိုသည့် ဂုံးကျော် တံတားနှစ်စင်းကို ဖြတ်သန်းပြီးမှ အတန်းထဲရောက်သည်။ လွှမ်းက သူ့ကိုမြင်တာနဲ့ ဘုကြည့်ကြည့်လိုက်သည်။ သူကတော့ ချိုမြပြုံးရွှင်စွာ လွှမ်းရဲ့ဘေးကို ရောက်လာသည်။

"ဒီအတန်းက first year အတန်း‌ဗျ၊ ဒီအတန်းကို နောက်တစ်ခါ မလာနဲ့"

"လွှမ်းကို လာပြောတာ၊ ပြိုင်ပွဲလုပ်ဖို့ ပြောထားတာ အချိန် တစ်လပြည့်ပြီလေ၊ မပြိုင်ချင်လည်း ရတယ်နော်၊ ကိုယ့်ကို အဖြေတန်းပေးလို့ ရတယ်"

"ဘာဗျ! ပြိုင်မယ်ဗျ ပြိုင်မယ်၊ ၁၂ နာရီထိုးရင် ခင်ဗျားနဲ့ စကိတ်စီးပြိုင်မယ်"

"ချစ်သဘောပဲ၊ ကိုယ်ကတော့ မင်းကို အရှုံးပေးမှာ မဟုတ်ဘူး"

"ဘာချစ်လဲ၊ ဆွဲထိုးလိုက်လို့ သွားတွေ ခုန်ထွက်သွားဦးမယ်၊ ကျွန်တော်က ခင်ဗျားလို တဏှာရူးနဲ့ နောက်ဘဝတောင် ချစ်သူအဖြစ်မခံဘူး"

"ချစ်ဆိုတာ ချစ်ရိပ်လွှမ်းကို အဖျားဆွတ်ပြီးခေါ်တာ၊ မကျေနပ်ရင် ကိုယ့်ကိုလည်း တစ်လုံးတည်းပြန်ခေါ်..ကိုလို့"

"အော့ .. သေတောင် မခေါ်ဘူး"

"ခေါ်လိုက်ပါ၊ တစ်လုံးတည်းဆိုတော့ အာညောင်းသက်သာတာပေါ့"

"ခင်ဗျားစကားက နားကြားပြင်းကတ်စရာ ကောင်းတယ်၊ ဘာချစ်လဲ၊ ဘာကိုလဲ၊ ကျွန်တော့်အတန်းရှေ့က ထွက်သွားတော့"

မင်းဆက် ချစ်ရသော ကြောင်ပေါက်လေးသည် မျက်နှာကို သုန်မှုန်ပြီး မင်းဆက်ကို အော်ဟစ်လာသည်။ စွာလွန်းတာလေးကိုမှ ချစ်မိသွားတာဆိုတော့လည်း အခုလို ကတ်ကတ်လန် ရန်ပြန်တွေ့ချိန်က လွှမ်းကို ချစ်စရာ အကောင်းဆုံးအချိန်။

"သွားတော့လေဗျာ ဘဲဆိုးကြီး"

"လွှမ်း စိတ်တိုနေတဲ့ ပုံစံလေးကို ချစ်လို့ စနေတာ၊ ဒါပေမဲ့ လွှမ်းနဲ့ ချစ်သူဖြစ်ရင် ကိုယ့်ကို ကိုလို့ တစ်လုံးတည်း ခေါ်ရမယ်"

"မခေါ်ဘူး၊ ကျွန်တော်က ခင်ဗျားနဲ့ ဘယ်တော့မှ ချစ်သူမလုပ်ဘူး"

ဗင်ဒါလေးရဲ့မူပိုင်ရှင် [Completed]Where stories live. Discover now