She (part 20)

5.6K 427 4
                                    

S❤H❤E👭သူမ
အပိုင်း(၂၀)

သည်းခံနိုင်စွမ်းကုန်သွားပေမယ့်လည်း ဒီလိုဆိုင်ကီးထဲ၌ ရန်ဖြစ်လို့မဖြစ်မှန်း နားလည်ပါသည်။ ရန်ဖြစ်ရသည့်အကြောင်းအရင်းကလဲ လူကြားလို့သိပ်မေကာင်းပေဘူးလေ။ ထိုကြောင့် မလိုအပ်ပဲ ဖြူ့ခါးလေးကိုလှမ်းဖက်လျှက် ပြည့်အသဲယားလာလျှငိ လုပ်တတ်သည့်အတိုင်း ပါးလေးကို နှာခါင်းထိပ်ဖြင့်တို့ရင်း

'ဟုတ်လား။ စိတ်တောင်မကောင်းဘူး အစ်မရယ်။  ကိုယ်ပေးတဲ့ မေတ္တာမှန်ရင်တော့ သူဘက်ကလည်းပြန်လာမှာပါ။ နော် သဲ'

ဖြူက သူ့ကိုတစ်ချက်ငဲ့ကြည့်ကာ ကြောင်တတ်တတ်နှင့်ခေါင်းငြိမ့်၏။ သူ့မျက်နှာ ကွက်ခနဲပျက်သွားတာမြင်လိုက်ရတော့ ပြည့်ကျေနပ်သွားသည်။ ဒာပေမယ့် စိတ်ရှိတိုင်းဆိုလျှငိ ကော်ဖီပူပူကို သူတို့ထဲကတစ်ယောက်ယောက်ကိုပတ်မိပါလိမ့်မည်။ သူ့နှခမ်းတွေနဲ့ ပြည့်အသဲကို ဘယ်နှခါးဖျားယောင်းပြီးပြီလဲ.....ဖြူကရော.....ဘယ်နှစ်ကြိမ်များ....။ ကျဉ်နေသည့်နှလုံးသားသည် ဆူးကာအောင့်လာပြန်သည်...ဒိနာကျဉ်မှုတွေက မကုန်နိုင်တော့ဘူးလား သဲရယ်။ ဖြူမျက်နှာနှငိ့ ကပ်ထားရာမှအနည်းငယ်ခွာလိုက်ပေမယ့် ဖြူ့ခါးကိုဖက်ထားဆဲပင်။ ထို့နောက် သူဘယ်လောက်ထိမျက်နှာပြောင်မလည်း သိချင်၍ ပြည့်တို့ဝိုင်း၌ သူစိမ်းတစ်ယောက်ရှိနေသည်ကို လစ်လှုရှုကာ

'သဲ လမ်းမလျှောက်နဲ့တော့။ နွေးသွားရင်ပြန်ကြမယ်နော် အဖျားကသိပ်ပျောက်သေးတာမဟုတ်ဖူး'

ဖြူက ခေါင်းငြိမ့်၍ သူ့ပုခုံးပေါ်မှီနွဲ့ရင်း

'မ သဘောပါ။ '

လပ်ခုပ်သည် နှစ်ဖက်တီးမှမြည်တာမှန်ပေမယ့် ခုချိန်ဖြူ့ကို အရှက်ရအောင်လူပ်မိလျှင် သူ့ကိုအခွင့်အရေးပေးသလိုဖြစ်သွားလိမ့်မည်။ ဖြူနှင့် ရှင်းလျှင်တောင်မှ နှစ်ယောက်ထဲရှိသော အချိန်မှာပဲဖြစ်သင့်၏။

ဖြူက သူ့ခါးကိုပြန်ဖက်ထားလျှက် ပုခုံး၌မှီထညးဆဲပင်။ မျက်နှာမပြောင်နိုင်တော့သော ယမုံလှိုင်တစ်ယောက်

'သူများချစ်သူကြား နှောက်ယှက်သလိုဖြစ်နေပြီ ။ သွားတော့မယ် ဖြူ ပျော်ပျော်နေကြနော်'

She Where stories live. Discover now