Part 1

814 23 22
                                    

မိုးစက်တို့သည်းထန်စွာရွာသွန်းတဲ့ညတစ်ညမှာ ကိုယ့်ရဲ့အတွေးထဲ အိမ်မက်အချို့နေရာယူလျက်....။
ရှည်လျားလှတဲ့ဆံနွယ်တို့အား နှစ်ဖက်ခွဲ၍စည်းထားကာ အလှဆုံးပြုံးပြသော သူမအား ထူးထူးဆန်းဆန်းအိမ်မက်မက်ခဲ့တယ်။
နောက်ဆုံးတွေ့ခဲ့ရတာ ဘယ်လောက်တောင်ကြာခဲ့ပြီမှန်းသေချာတောင်မသိတာမို့ သွယ်လျတဲ့လက်နုနုလေးအား အလျင်အမြန်ဆွဲယူကာ....

"ညီမလေး။"

လို့ဝမ်းသာအားရ ခေါ်ဆိုမိတယ်။

ပျော်ပျော်ရွှင်ရွှင်နေတက်တဲ့ညီမလေးက ကိုယ့်မျက်နှာကို လက်ဖဝါးနုနုနဲ့အုပ်မိုးလေတော့....

"အစ်ကိုတော်ဆီကိုပြန်လာပါ။"

ပြုံးရွှင်နေတဲ့ညီမလေးရဲ့မျက်နှာက နာကျင်နေသောငှက်ငယ်အလား ငိုကြွေးလို့နေပြီ။

"သွားတော့မယ် အစ်ကိုတော်။"

"ဟင် မသွားနဲ့လေ မသွားနဲ့ ညီမလေး။"

ဖြောင့်တန်းသောလက်တို့ဖြင့် လှမ်းဆွဲပါသော်လည်းမမှီလိုက်တာကြောင့် နောက်ကျောကိုသာငေး၍ကျန်ခဲ့သည်။
မကြာခင်မှာပဲ ဝေဝါးတဲ့အိမ်မက်ကနေရုန်းထွက်လာခဲ့တယ်၊ပထမဆုံးမက်ဖူးတဲ့ညီမလေးကို ဘယ်တော့မှပြန်တွေ့ရမလဲ တွေးလျက်ပေါ့....

"မင်းကြီး နိုးနေပါပြီလား။"

အိပ်ခန်းဆောင်အပြင်ဘက်ကအထိန်းတော်ကြီးရဲ့အသံကြောင့် မှေးစက်တဲ့မျက်လုံးတို့ပွင့်လာသည်။

"အင်း။"

ဖြောင့်တန်းတဲ့မျက်ခုံးတို့ကား တွန့်ကွေးလျက် ခပ်နှောက်နှောက်ဖြစ်နေသော ခေါင်းအား သက်သာစေရန် နားထင်ကို လက်ဖြင့်နှိပ်နေသည်။

"ကျွန်တော်ကို ဝင်လာခွင့်ပြုပါ။"

"ဝင်ခဲ့လေ။"

အထိန်းတော်ကြီးနဲ့အတူ အပျိုတော်နှစ်ဦးပါလာပြီး လက်ထဲတွင်ရွေရောင်အဆင်းရှိသော ဇလုံနှင့် မျက်နှာသုတ်ရန်အဝတ်တို့ယူလာကြသည်။

"မင်းကြီး ခေါင်းကိုက်နေတာပါလား။"

"အင်း ညကအိပ်တာနောက်ကျသွားလို့ထင်တယ်။"

Fall in love with hateWhere stories live. Discover now