unicode .4

379 28 5
                                    

မနက်နိုးလာလို့ ကြမ်းပြင်ပေါ်ကိုကြည့်လိုက်တော့ပြောင်ရှင်းနေလေရဲ့
wu yifan ဘယ်အချိန်ကများထသွားလိုက်တာလဲ
ရှည်ရှည်ဝေးဝေးစဉ်းစားမနေပဲ ရေမိုးချိုုးပြီးအောက်ထပ်ကိုဆင်းလာခဲ့လိုက်တယ်

ထမင်းစားခန်းထဲမှာခေါက်ဆွဲကိုအပီပြင်စားနေတဲ့ wu yifan
ပါးလေးကဘာလို့အဲ့လောက်ဖောင်းနေရတာလဲ မျက်ခုံးထင်းထင်းလေးနဲ့မနက်အစောမို့ထင်ပါတယ်ကြည်လင်နေတဲ့ခင်ဗျားရဲ့မျက်နှာလေး

wu yifan ခင်ဗျား ကိုတကယ်ပါ လူလားအရုပ်လားမသဲကွဲတော့ဘူး

"အဟမ်းးးး"

"အဟွတ် -----အဟွတ်  chan လား"

"ကျစ်  ဖြေးဖြေးစားလေးဗျာ  ရော့ရေ လျှောက်စမ်းမနေနဲ့"ရေဘူး ကိုစမ်းနေတဲ့ ခင်ဗျားရယ် ကျနော့်အသံကြားတာနဲ့
စားနေတာတောင်သီးတဲ့အထိလန့်ရလား

"အဟွတ်  ---ဟင်းးးး ကိုယ် သတိမထားမိလိုက်လို့"မမြင်နိုင်တဲ့ကိစ္စအပေါ်ကိုယ်အားငယ် မိတာမင်းနဲ့ကျမှ chan

ချောင်းဆိုးလို့မျက်ရည်ထွက်တာလား
ငိုနေတာလားမသဲကွဲတော့တဲ့  wu yifan
"ခင်ဗျားကချောင်းဆိုးတာလားငိုနေတာလား"

"ဟင့်---အင့်--ငိုနေတာမဟုတ်ပါဘူး chan မနက်စာစားတော့မလားဟင်  အင့်   "မငိုပါဘူးကလေးရယ် မင်းပြောတာတွေကလဲအမှန်တွေပါပဲကိုယ့်ဘဝကိုယ်အားငယ်မိယုံပါ

ခင်ဗျားညာတယ် ငိုမနေလို့ပဲရှိုက်သံတွေပါလာရတာလား ကျစ် ခင်ဗျားနဲ့တော့စိတ်ရှုပ်တာပဲ စိတ်ရှုပ်ရှုပ်နဲ့wu yifan ကိုကြည့်နေရာကမျက်နှာလွှဲလိုက်မိတယ် မလိုက်ဖက်လိုက်တာမျက်ရည်တွေနဲ့ နီရဲနေတဲ့မျက်နှာလေး

လွှဲလိုက်မိတဲ့မျက်နှာဟာ wu yifan စားနေတဲ့ခေါက်ဆွဲပန်းကန်ပေါ်အရောက် စားချင်စရာကြီး

"  ဂလု     စားမယ် ခင်ဗျား လိုခေါက်ဆွဲစားချင်တာ"သူစားနေတာအားရစရာကြီးရှလွတ်ရှလွတ်နဲ့ပန်းကန်လုံးကလဲအကြီးကြီး ခေါက်ဆွဲဖက်ကလဲထူထူအိအိလေး
ဟိုဘက်လှည့်ပြီးရှိုက်ငိုနေတဲ့ wu yifan ကိုတော့ chanyeol သတိမထားလိုက်မိဘူး

"ခဏ ---ဟင့်   ဟင့်   ခဏတော့စောင့်နော်"မျက်ရည်တွေကလဲခုမှဘာလို့ထွက်နေရတာလဲ

BlindWhere stories live. Discover now