6

4.5K 480 21
                                    

Unicode

ချစ်ရသူနဲ့လက်ထပ်ပေါင်းသင်းရမည်မဟုတ်တာမို့
မင်္ဂလာဝတ်စုံရွေးရတာလဲစိတ်မပါ
ထယ်ယောင်းကိုသာရွေးခိုင်းလိုက်သည်
သူ့ကြည့်ရတာတော့ ပြုံးလို့ပျော်လို့
လက်စွပ်ရွေးလဲထိုအတိုင်းပင်
ထယ်ယောင်းကိုသာရွေးခိုင်းလိုက်သည်

"ဂျောင်ကု ဒါလေးကြိုက်လား"

"မင်းကြိုက်တာသာရွေးလိုက်ပါ"

"ကြိုက်တာကများနေတော့လေ တချက်လောက်ကူရွေးပေးပါလား"

အတင်းကို ကြည့်ခိုင်းနေသောထယ်ယောင်းကြောင့် စိတ်ရှုပ်လာရသည်
သိပ်ချစ်လွန်းလို့ သူနဲ့လက်ထပ်ဖို့လက်ခံပီး
ဒီလိုတွေလုပ်နေတယ်လို့ထင်နေလားမသိ

"မင်းကြိုက်တာရွေးလို့ပြောနေတယ်လေ!
စိတ်ရှုပ်လာပီ!"

ကျွန်တော်လဲ စိတ်ပေါက်ပေါက်နဲ့အော်လိုက်ရော
ထယ်ယောင်းမျက်နှာဟာကွက်ကနဲ
ဆိုင်ထဲရှိ ဝန်ထမ်းတွေကလဲကြည့်လို့
အရှေ့ကဝန်ထမ်းမလေးကလဲပြူးကြောင်ကြောင်
စုံတွဲ ၂တွဲကလဲကျွန်တော်တို့ကိုကြည့်လို့နေသည်

"ဒါ!"

ကျွန်တော်လဲအဲ့လောက်ထိသူတစ်ပါးအရှက်ကွဲတာအဖြစ်မခံနိုင်သည်မို့ မျက်စိထဲဝင်လာသည့်လက်စွပ်ကိုသာလက်ညှိုးထိုးပြလိုက်သည်
ထိုအခါထယ်ယောင်းကဝမ်းသာအားရဖြင့်

"ဒါလေးကြိုက်တာလား
အမ ဒါလေးထုတ်ပေးပါနော်!"

ကိစ္စအဝဝစီစဥ်ပီးတော့
ထယ်ယောင်းကသူ့အဖေနှင့်တွေ့ပေးရန်ခေါ်လာလေသည် ဒီလောက်ထိလိုလို့လား

"ထယ်ယောင်း"

"​အင်း"

"မင်းအဖေနဲ့တွေ့ဖို့ထိလိုလို့လား
ငါတို့ကအပေးအယူနဲ့လက်ထပ်တာပဲကို"

"အဲ့လိုတော့ဟုတ်ပေမယ့် တွေ့တာကတွေ့ရမှာပေါ့"

"မင်းအဖေကောသိလား အခုကိစ္စ"

"အင်း"

"လက်ခံတယ်ပေါ့ အချစ်မပါတဲ့လက်ထပ်ပွဲကို
နောက်ပီးအပေးအယူသက်သက်"

"ငါကမင်းကိုချစ်တယ်လေ"

ထယ်ယောင်းပြောလိုက်တဲ့စကားကြောင့်
သူ့ကိုသာကြည့်နေလိုက်မိသည်
အပြုံးလေးနဲ့ပြောလာသောထိုစကားဟာ
ကျွန်တော့ရင်ထဲကိုမလှုပ်ခတ်နိုင်ပေမယ့်
ထယ်ယောင်းကတော့တကယ်ကြီးချစ်နေတဲ့
လူတယောက်ပမာပြောလာလေသည်

𝕯𝖊𝖈𝖊𝖒𝖇𝖊𝖗 𝕷𝖔𝖛𝖊 [Completed]Where stories live. Discover now